သတင်း

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား

(၂.၇.၂၀၂၅)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များသည်  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ကစ္စပနဒီလမ်းနှင့် တော်ဝင်ရတနာလမ်းကြား၊ သစ်ခွလမ်းတွင်ကျင်းပပြလုပ်သော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို တက်ရောက်၍ သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြပါသည်။

ရုံးဖွင့်ပွဲအခမ်းအနား

ရုံးဖွင့်ပွဲအခမ်းအနား

၁.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က​လေးသူငယ်များ ဘဝမြှင့်တင်​ရေးအသင်း (ဧရာဝတီတိုင်း)ရုံးဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁)ရက်၊ နံနက်(၈:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်​ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၇.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၅ ဦးတက်ရောက်ခဲ့ပြီး ဥက္ကဌ မှ “အမျိုးသမီးဘဝဖွံ့ဖြိုးဖို့စီးပွါးရေးကို ပိုမိုဆောင်ရွက်စို့ “ ခေါင်းစဉ်ဖြင့်ပါဝင်ဟောပြောခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၇.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် နှင့် အလုပ်အမှုဆောင် ၅ ဦးတို့သည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်၊ တက္ကသိုလ်ပေါင်းစုံ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၇.၂၀၂၅ ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌနှင့် အလုပ်အမှုဆောင်များသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် နေပြည်တော် အမျိုးသမီးကော်မတီမှကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ကျင်းပပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု “ ယဉ်ကျေးဝေဆာမေမြန်မာ၊ မျိုးဂုဏ်မပျက်ဝတ်ဆင်လျက်” ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါသည်။