အခမ်းအနားတက်ရောက်ခြင်း

၃.၇.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များနှင့် နေပြည်တော် MWCDFအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ တက်ရောက်ခဲ့ကြပါသည်။ အထိမ်းအမှတ်အခမ်းအနားတွင် အသင်းမှ မြန်မာ့သနပ်ခါးစစ်စစ် ရေဖျော်လိမ်းမှုန့်ပေါင်ဒါ၊ အာလူးကြော်နှင့် ကြေးပစ္စည်းများ ခင်းကျင်းပြသခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ကဏ္ဍအလိုက်ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် အမျိုးသားစာပေးဆုရရှိသူ (ပဲခူးတိုင်း)













