သတင်း

သစ်ပင်စိုက်ပျိုးခြင်း

သစ်ပင်စိုက်ပျိုးခြင်း

၂၇.၆.၂၀၂၅ ရက်‌နေ့တွင် ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၂ ဦး တက်ရောက်၍ စုပေါင်းပါဝင်စိုက်ပျိုးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအခမ်းအနားကို မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမမှာ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး MCC ခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆင်ယင်ရှုမဝသုံးရာသီအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဌ နှင့် အမှုဆောင်နှစ်ဦးတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆုပေးပွဲနှင့်ပြပွဲ အခမ်းအနားကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်  ၂ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

၂၆.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် အမျိုးသမီး​ကော်မတီ အစည်းအ​ဝေးသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ အတွင်း​ရေးမှူးတက်​ရောက် ဆွေးနွေးခဲ့ပါသည်။