သတင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ တိုင်းအဖွဲ့ဝင်များသည် ပဲခူးမြို့ ၊ ဇိုင်းတောင်ဝင်္ဂဘာလမ်း၊ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်မိသားစုများ၏ သား/သမီးများအား ပညာဆက်လက် သင်ကြားစေလိုသည့် ရည်ရွယ်ချက်များနှင့် ဇိုင်းတောင် မူလွန်ကျောင်း၊ အ.ထ.က( ၄ ) တို့တွင် မူလတန်းကျောင်းသား/သူများနှင့် အထက်တန်းကျောင်းသား/သူများအား ကျောင်းအပ်နှံပေးခြင်း၊ ကျောင်းဝတ်စုံ၊ အပိုဝတ်စုံများ၊ ကျောပိုးအိတ်၊ ထီး၊ ဆွဲခြင်း၊ ထမင်းဘူး၊ စာအုပ်၊ ပုံနှိပ်စာအုပ်၊ ခဲတံ၊ ကွန်ပါဗူး၊ ရေဗူးတို့ကို ကျောင်းသား/သူ ၁၂ ဦးအား

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၂.၆.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF-SSS)၏ (၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ဥက္ကဌဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင်များ စုစုပေါင်း ၁၈ ဦးတို့က ပဒုမ္မာစာရီ ပရိယတ္တိသီလရှင်စာသင်တိုက်ရှိ သီလရှင်ဆရာလေး/ဆရာကြီး ၉၁ ပါးတို့အား နဝကမ္မငွေ ၂၀၀,၀၀၀/-ကျပ်၊ ဆန်(၃)အိတ်၊ ဆီ(၂)ပုံးလှူဒါန်းခြင်းနှင့် စာသင်သီလရှင်လေးများအား စာအုပ်၊ ဘောပင်၊ ခဲတံများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းငွေ ၁,၂၃၅,၀၀၀/- ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၆.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်သည့် ပြည်နယ်အမျိုးသမီးကော်မတီ(၁/၂၀၂၅)နှင့် ဇူလိုင်လ (၃)ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေးနှင့် အကြိုလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၀.၆.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူနေကြသော သံဃာတော်များနှင့် သီလရှင်အပါး ၃၅၀ ပါးအတွက် ရေသန့် ၊ အချိုရည်၊ ဘောပင်၊ ခဲတံများဆက်ကပ်ပြီး စာမေးပွဲကြီးကြပ်ဆရာတော် ၂၇ ပါးအတွက် အချိုရည်နှင့် နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ ၇၇၀,၀၀၀/- ကျပ်ဖြစ်ပါသည်။

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၇.၆.၂၀၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်များသည် နေရပ်စွန့်ခွါတိမ်းရှောင်နေရသော မိသားစုများ၏ သားသမီးများကို KG မှ Grade 12 အထိ ပညာသင်ကြားရေး အထောက်အပံ့အဖြစ် ကျောပိုးအိတ်၊ စတီးချိုင့်၊ ရေဗူး၊ ဆွဲခြင်း၊ လေးကြောင်းမျဉ်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ နှင့် ကျောင်းဝတ်စုံများကို ကျောင်းသား/ကျောင်းသူ ၃၉ ဦးအတွက် စုစုပေါင်းလှူဒါန်းမှု ၁၅ သိန်းကျပ်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၉.၆.၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေး နှင့် ရုံးအဖွဲ့ တက်ရောက်ခဲ့ပါသည်။