သတင်း

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၅.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ ကျိုက်ပွန်ဇေတဝန်ကျောင်းတိုက်ရှိ ဆရာတော်ကြီး အမှူးပြု၍ သံဃာတော်များအား မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ဗဟို) ဥက္ကဌ ဒေါက်တာဝေဝေသာ ဦးဆောင်၍ တိုင်းအဖွဲ့ မှဥက္ကဌ ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်နေ့တာ အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ညနေ အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ကျောင်းရှိ နေရပ်စွန့်ခွာစစ်ဘေးရှောင် မိသားစုများကိုလည်း ဆွေမျိုးရင်းခြာကဲ့သို့ ကူညီပေးအပ် လှူဒါန်းခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၁၅.၆.၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ထားဝယ်မြို့၊ ထားဝယ်ဘိုးဘွားရိပ်သာရှိ အဖိုး ၆ ဦး၊ အဖွား ၁၅ ဦးတို့အား နံနက်စာအာဟာရများလှူဒါန်းခဲ့ကြပါသည်။ လှူဒါန်းမှု ၉၅,၀၀၀/- ကျပ် ဖြစ်ပါ သည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၄.၆.၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး  (၂)ရပ်သို့ မန္တ‌လေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် MMH ကိုယ်ပိုင်ကျောင်းရှိ မူလတန်း၊ မူကြိုကျောင်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဆက်ကပ်လှူဒါန်းခြင်း

ဆက်ကပ်လှူဒါန်းခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် ​မြောင်းမြပရိယတ္တိစာသင်တိုက်ရှိ စာသင် သံဃာ​တော်တို့အား ပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာ​ရေးကိရိယာများ ဝယ်ယူနိုင်ရန်အတွက် အလှူ​​ငွေ ၂ သိန်းကျပ် သွားရောက်လှူဒါန်းကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၃.၆.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သော ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အခြေခံပန်းအလှပြင်သင်တန်းဖွင့်ပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ  တက်ရောက်ခဲ့ပါသည်။