သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၅.၂၀၂၅ ရက်နေ့တွင် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် BBS ကိုယ်ပိုင်အလယ်တန်းကျောင်း၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ပညာသင်ယူပြီးမြှောက်မှုပြီးဆုံးကြောင်း သင်တန်းဆင်းပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၃.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲကို ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၂.၅.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံ‌ရေး‌နေ့ အခမ်းအနားသို့ ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၂.၅.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး‌နေ့ အခမ်းအနားသို့ ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၂.၅.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းကြီး၏ (၁၂)နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ ၁၉.၀၅.၂၀၂၅ နေ့ နံနက် ၁၁:၃၀ အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ တောင်ကြီးမြို့တွင် ဆေးကုသမှုခံယူနေသော လူနာဦးရေ ၃၅၀ ကျော်အား ကြက်သားဘူးသီးဟင်း၊ ငါးခြောက်ကြော်နှင့် ထမင်းတို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၁၂ ဦးတို့ မှ သွားရောက်လှူဒါန်းခဲ့ပါသည်။