သတင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၂၂.၄.၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အမှု‌ဆောင်များသည် နေပြည်တော်ရုံးအမှတ်(၃၂)၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းမိသားစုများ(ကျား) ၈၇ ဦး၊ (မ) ၅၆ ဦးအား ဒေသထွက်စားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၄၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၁.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ဓနသိဒ္ဓိအားကစားကွင်း ယာယီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသော မိသားစု ၅၂ စု (ကျား) ၆၂ ဦး၊ (မ) ၅၈ ဦးတို့အား ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်၊ အချိုရည်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် မိသားစုဝင်များ ထိခိုက်မှုများနှင့်အသက်ဆုံးရှုံးခဲ့ရသည့် အသင်းဝင် ၂ ဦး ထံသွားရောက်၍ တစ်ဦးလျှင် ၅ သိန်းကျပ်စီ ကူညီ‌ထောက်ပံ့ပေးကာ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ လွှတ်တော်ရုံးဝန်းအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများအား လုပ်အားပေးကူညီဆောင်ရွက်နေကြသော တပ်မတော်သားများကို ခေါက်ဆွဲကြော်အထုပ် ၁၀၀ ပေးအပ်လှူဒါန်းခဲ့ပြီး ဗဟိုအသင်းမှ ရုံးဝန်ထမ်း ၆ ဦးကိုလည်း သွားရောက်ပြီး ခေါက်ဆွဲကြော်များလှူဒါန်းကာ အားပေးစကားပြောကြားခဲ့ပါသည်။ လှူဒါန်းငွေ ၁,၅၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် အ.ထ.က( ၇ ) ယာယီကယ်ဆယ်ရေးစခန်းရှိ (ကျား) ၃၆ ဦး၊ (မ) ၄၈ ဦးထံသို့ ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း မှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့် တော်ဝင်ရတနာမူကြိုကျောင်း ယာယီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြသော လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းမိသားစုများ(ကျား) ၅၀ ဦး၊ (မ) ၄၂ ဦးအား  ငါးနီတူကြော်၊ ချဉ်ပေါင်ကြော်၊ ကြက်ဥပြုတ်၊ ပေါင်မုန်၊ အချိုရည် များသွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

ကူညီထောက်ပံ့လှူဒါန်းခြင်း

ကူညီထောက်ပံ့လှူဒါန်းခြင်း

၁၀.၄.၂၅ ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင်များသည် ငလျင်ဒဏ်ကြောင့်ဘေးလွတ်ရာသို့ ပြောင်းရွေ့လာကြသော ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူကုဆေးရုံကြီးယာယီဆေးရုံတွင် ဆေးဝါးကုသနေသော အမျိုးသမီးလူနာများ၊ မီးဖွား မိခင်နှင့်ကလေးများ စုစုပေါင်းလူနာ ၇၂ ဦးတို့ထံသို့ စုပေါင်း၍ အာဟာရဖြည့်အစားအစာများ သွားရောက် ကုသိုလ်ပြုလှူဒါန်းကြပါသည်။ လှူဒါန်းငွေ ၃၅၀,၀၀၀/-ကျပ်ဖြစ်ပါသည်။