သတင်း

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်း

(၁.၁၂.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၄)ဦးတို့သည် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ကော်မတီအစည်းအဝေး ဆွေးနွေးတက်ရောက်ခြင်း

ကော်မတီအစည်းအဝေး ဆွေးနွေးတက်ရောက်ခြင်း

(၃၀.၁၁.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဗဟိုအလုပ်အမှုဆောင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

ကော်မတီအစည်းအဝေး ဆွေးနွေးတက်ရောက်ခြင်း

ကော်မတီအစည်းအဝေး ဆွေးနွေးတက်ရောက်ခြင်း

(၂၉.၁၁.၂၀၂၃)ရက်နေ့တွင်  MWCDF အသင်းမှ တွဲဘက်အတွင်းရေးမှူးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၃) အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၃)ရက်နေ့တွင် မကွေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁၀)ဦးတို့သည် မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၃)ရက်နေ့တွင် တနင်္သာရီတိုင်း MWCDF အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့သည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

အထိမ်းအမှတ်အခမ်းအနားတက်ရောက်ခြင်း

(၂၅.၁၁.၂၀၂၃)ရက်နေ့တွင် MWCDF အသင်းမှ ဒုဥက္ကဌ သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။