ဇီဝိတဒါန ငါးလွှတ်ခြင်း

၉.၄.၂၅ ရက်နေ့ညနေ (၅)နာရီအချိန်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လိပ်ပြာကန်ကြီး၌ ငါးများဇီဝိတဒါနလွှတ်ပြီး ကုသိုလ်ပြုခဲ့ကြပါသည်။
Myanmar Women and Children Development Foundation

၉.၄.၂၅ ရက်နေ့ညနေ (၅)နာရီအချိန်တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လိပ်ပြာကန်ကြီး၌ ငါးများဇီဝိတဒါနလွှတ်ပြီး ကုသိုလ်ပြုခဲ့ကြပါသည်။

၈.၄.၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်များက နေပြည်တော် ကယ်ဆယ်ရေးစခန်းများရှိ ငလျင်ဒဏ်ခံရသော ဝန်ထမ်းမိသားစု ၃၆၀ စု၊ လူဦးရေ(ကျား) ၃၈၅ ဦး၊ (မ) ၃၇၂ ဦးအား ငါးနီတူကြော်၊ ငပိချက်၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ရေသန့်ဗူးစသည့် စားသောက်ဖွယ်ရာများအား သွားရောက်ကူညီလှူဒါန်းပေးရင်း အားပေးစကားများပြောကြားခဲ့ပါသည်။ လှူဒါန်းမှုမှာ ၅၃၀,၀၀၀/-ကျပ်ဖြစ်ပါသည်။

၆.၄.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့်အမှုဆောင်များ၊ အဖွဲ့ဝင်များသည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ပြုလုပ်သည့် သဲဖြူဆရာတော်ကြီးနှင့် ရှင်အပါး (၅၅၀၀) ဆွမ်ဆန်စိမ်းလောင်းလှူပွဲသို့ သွားရောက်၍ အချိုရည်ဗူး၊ ခေါက်ဆွဲထုပ်၊ ချောကလက်ဘီစကစ်၊ Wet Towerများ လှူဒါန်းလောင်းလှူခဲ့ပါသည်။ ကုသိုလ်ပြုလှူဒါန်းမှု ၁,၄၅၅,၈၀၀/- ကျပ်ဖြစ်ပါသည်။

၂၃.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်တင်စိန်နှင့် အဖွဲ့ဝင် ၁၀ ဦးသည် သန်လျင်မြို့၊ ခေမာရာမသီလရှင်စာသင်တိုက်ရှိ သီလရှင် ၃၈၀ ပါးအတွက် နဝကမ္မအလှူငွေ ၄၀၀,၀၀၀ ကျပ်၊ သီလရှင်ဝတ်စုံ၊ အပ်ချည်လုံး၊ ဆီ၊ အသင့်စားငါးကြော်၊ အမွှေးတိုင်၊ ဆပ်ပြာနှင့် လစဉ်သုံးများ သွားရောက်လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေ ၂,၁၂၃,၇၅၀ ကျပ် လှူဒါန်းခဲ့ပါသည်။

23.3.25 The Myanmar Women and Children Development Foundation (MWCDF) is conducting a Summer English Training Course (Pre-Intermediate level) during the second week Activitys.

၂၂.၃.၂၅ ရက်နေ့တွင် ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါ်ခင်လေးမေ နှင့် အသင်းဝင် ၅ ဦးသည် မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင် ဘိုဘွားရိပ်သာရှိ အဘိုး ၁၂ ဦး၊ အဘွား ၁၉ ဦး၊ စုစုပေါင်း ၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်ပေးခဲ့ကာ အဘိုး/အဘွားများအား စားသောက်ဖွယ်ရာများ ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ဆေးဝါးကုသစောင့်ရှောက်မှု့စုစုပေါင်းကုန်ကျငွေ ၃၇၀,၀၀၀ ကျပ်ဖြစ်ပါသည်။