သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၅.၃.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၃ ဦးတို့သည် ရှမ်းရိုးမ ဘိုးဘွားရိပ်သာရှိ အဘိုး ၇ ဦး အဘွား ၁၅ ဦး၊ ဝန်ထမ်း ၇ ဦးတို့အား နေ့လည်စာ ခေါက်ဆွဲကြော်နှင့် ငွေပဒေသာပင်ကျပ် ၁ သိန်းလှူဒါန်းခဲ့ပါသည်။

သင်တန်းပို့ချခြင်း

သင်တန်းပို့ချခြင်း

၄.၃.၂၅ ရက်နေ့တွင် ထားဝယ်မြို့ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်စမ်းရည်သည် မြို့မယဉ်ငေးသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သော ဗုဒ္ဓယဉ်ကျေးမှု အခြေပြုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းတွင် သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများအား  သင်ကြားပို့ချခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၃.၃.၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ ဒေါ်ကေသီအောင်နှင့် အလုပ်အမှုဆောင် ၈ ဦးတို့သည် လွယ်ကောင်အစိုးရမူကြိုကျောင်းသို့သွားရောက်ကာ မိန်းကလေး ၁၂ ဦး၊ ယောင်္ကျားလေး ၂၂ ဦး စုစုပေါင်း ၃၄ ဦးတို့အား ကစားစရာများ၊ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၂.၃.၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဌဒေါ်ခင်သန်းမြင့်သည် ငပုတောမြို့၊ လူမှု့ဝန်ထမ်းအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ သင်ကြားသင်ယူမှုတတ်မြောက်ပြီးစီးကြောင်း ဆုပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ ဆုလက်မှတ်များပေးအပ်ပြီး အကများဖြင့်ဖျော်ဖြေပေးကြသော ကလေးငယ်များအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင်ပြုလုပ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲ (Women Leadership one day workshop)သို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ခင်စန်းကြူနှင့် ဒေါ်နီလာချစ်တို့ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။