သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၅.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်တို့သည် ဒဂုံမြို့သစ်မြောက်ပိုင်း မစိုးရိမ်စာသင်တိုက်ရှိ ရှင်သာမဏေ (၅၀)ပါးအား နဝကမ္မဝတ္ထုငွေအပါအဝင်၊ သင်္ကန်း၊ လွယ်အိတ်၊ စာအုပ်၊ ဘောပင်၊ ခဲတံ၊ အချိုရည်နှင့် မုန့်မျိုးစုံ၊ ခေါင်းရိတ်ဓားနှင့် ဆပ်ပြာခဲ၊ ဓာတ်မီးများလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းတန်ဖိုးငွေ (၁,၂၇၀,၀၀၀)ကျပ် ဖြစ်ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၄.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပဲခူးမြို့၊ ကျုံးထောင့်ဝိပဿနာသီလရှင်စာသင်တိုက်တွင် တစ်လလျှင်နှစ်ကြိမ်မြောက် ဆွမ်းကပ်ခြင်း၊ ဆီ၊ ဆန်၊ ဆား၊ ဆေး လှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၁၅၀,၀၀၀)ကျပ်ဖြစ် ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားသို့ ပဲခူးတိုင်းအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအခမ်းအနားသို့ ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ ကလေးအယောက်(၁၂၀)ဦးအား ဆုများချီးမြှင့်‌‌ပေးခဲ့ပြီး မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ လှူဒါန်းမှု ကုန်ကျငွေစုစုပေါင်း(၁,၀၅၀,၀၀၀)ကျပ်ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုလွတ်တော်ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။