သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂.၃.၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမတွင်ပြုလုပ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲ (Women Leadership one day workshop)သို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် ဒေါ်ခင်စန်းကြူနှင့် ဒေါ်နီလာချစ်တို့ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၆.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၅.၂.၂၀၂၅ ရက်နေ့တွင် Shan Southern” State Level Coordination meeting with Health Partner” UN, INGOs, NGOs, CBOs, CSOs.  အစည်အဝေးကို ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ ဥက္ကဌဒေါ်ကေသီအောင်နှင့် အတွင်းရေးမှူးတို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၅.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည်  ပဲခူးတိုင်း လူမှု၀န်တမ်းဦးစီးဌာနရှိ မူလတန်းကြိုကျောင်း (၁)၊  လိပ်ပြာကန်နား၊ သနပ်ပင်လမ်းမကြီးဘေးကျောင်းရှိ ကျောင်းသား/သူ ၁၀၆ ဦးအား သင်ထောက်ကူပစ္စည်းများ၊ ကစားစရာများ  ပေးအပ်ခဲ့ကြပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၁၅၀,၀၀၀)ကျပ် ဖြစ်ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

၂၄.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည်  ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံ (ခုတင်-၅၀၀)သို့သွားရောက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်ထံသို့ အလှူငွေ(၁၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပြီး သားဖွားဆောင်ရှိ မွေးလူနာ ၅၂ ဦးအား အာဟာရမုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၂၅၀,၀၀၀)ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၂၄.၂.၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် “ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ် Miss ပြိုင်ပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်မော်မော်ရှိန် တက်ရောက်ခဲ့ပါသည်။