သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၇.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်ပဲခူးမြို့၊ ရွှေဂူလေးအလင်းစစ် လူငယ်ဖွံ့ဖြိုးရေးကျောင်းသို့ သွားရောက်၍ ကျောင်းရှိဆရာတော်နှင့် သံဃာတော်များအား ဆွမ်းကပ်လှူပြီး ကျောင်းသား/သူ မူကြိုကလေးများအား သင်ထောက်ကူပစ္စည်းနှင့် ကစားစရာများပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခဲ့ကြပြီး အသိပညာပေးဟောပြောပွဲလေးပြောကြားကာ လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက်ကျောင်းရှိ ဆရာမများနှင့် ဘက်စုံသုံးဆပ်ပြာအဆီ၊ ခေါင်းလျှော်ရည်တို့ကို အဆင့်မီထုတ်လုပ်နိုင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဆုရရှိခြင်း

ဆုရရှိခြင်း

၇.၂.၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဌ သုဓမ္မသိင်္ဂီဒေါက်တာ ဒေါ်ကေသီအောင်မှ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကချီးမြှင့်ပေးအပ်သော လူမှုထူးချွန် (ပထမအဆင့်) ဆုရရှိသည့်အတွက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၄.၂.၂၀၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အပတ်စဉ် (၃၀) သူနာပြုသင်တန်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များတက်ရောက်ပြီး မကွေးမြို့ အ.ထ.က (၁)မှ ကလေး (၁၁၀)ဦးအား နေ့လည်စာအာဟာရ လှူဒါန်းကျွေးမွေးခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းစရိတ် (၁၅၀,၀၀၀)ကျပ် ဖြစ်ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

၂၈.၁.၂၀၂၅ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW (၂၀၂၃/၂၀၃၂)၏ လုပ်ငန်းနယ်ပယ်(၁၂)ရပ်အလိုက်ရေးသားထားသော (၂၀၂၃/၂၀၂၄) ဘဏ္ဍာရေးနှစ်၊ ကနဦးအစီရင်ခံစာများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်း တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပဲခူးမြို့ ရေလည်ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်၊ သီလရှင် အပါး(၂၀၀) ကျော်တို့အား နေ့ဆွမ်းနှင့် ၀တ္တုငွေတို့ကို သွားရောက်ကပ်လှူခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၂၇.၁.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေပြည်တော်၊ သာဝတ္ထိမြို့၊ စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ရင်ခွင်ပိုက်အရွယ်မှ တက္ကသိုလ်တက်‌ရောက်ထိ ပြုစုစောင့်ရှောက်ထားသော ကလေး (၁၁၅၀)ဦးအတွက် အလှူငွေ နှင့် ဆေးဝါးများ၊ ဆန်၊ ဆီ၊ စာရေး ကိရိယာအစုံ၊ အဝတ်အထည်များ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ကလေးကစားစရာ ပစ္စည်းအစုံများတို့အား ဆရာတော်ကြီးထံသွား‌ရောက် လှူဒါန်းခဲ့ပြီးနောက် ကလေးများ နေ့လည်စာအာဟာရအတွက် ထမင်း၊ ဘဲဥသီးစုံပဲကုလားဟင်းနှင့် ငါးနီတူကြော်များဖြင့်ကျွေးမွေးလှူဒါန်းခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ (၈,၀၅၉,၅၀၀)ကျပ် ဖြစ်ပါသည်။