သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုလွတ်တော်ရုံးတွင် ကျင်းပပြုလုပ်သော (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။

ဆုချီးမြှင့်ခြင်း

ဆုချီးမြှင့်ခြင်း

၁၂.၂.၂၀၂၅ ရက်နေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက် အားကစားကွင်းမှာ ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲသို့ နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အားကစားနည်း (၆)မျိုးကို ပထမဆု ၁၅၀၀၀/- ၊ ဒုတိယဆု ၁၀၀၀၀/- ၊ တတိယဆု ၅၀၀၀/- စသဖြင့် ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ စုစုပေါင်း လှူဒါန်းငွေမှာ (၂၄၀,၀၀၀)ကျပ်ဖြစ်ပါသည်။  ကျား (၃၀)ဦး ၊ မ (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။

အာဟာရဒါနလှူဒါန်းခြင်း

အာဟာရဒါနလှူဒါန်းခြင်း

၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကြူကြူအေးနှင့် သမီး မအိအိန္ဒြာဇော် တို့သည် မအိအိန္ဒြာဇော် ၂၉နှစ်ပြည့် မွေးနေ့အလှူအဖြစ် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ (ခုတင်-၅၀၀) သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးရုံတက်ရောက်နေသော အမျိုးသမီးလူနာများ၊ လူနာစောင့်များ နေ့လည်စာ အာဟာရအတွက် ထမင်း၊ ကြက်သာဟင်း၊ အချဉ်ရည်ဟင်းတို့ကို အလှူရှင်မိသားစုက လက်ရောက်ပေးဝေလှူဒါန်းခဲ့ပြီး‌‌နောက် မွေးနေ့ရှင်မှ ဆေးရုံတက်ရောက်နေသော ချို့တဲ့လူနာရှင်(၁)ဦးကို ဆေးဝါးအတွက်အလှူငွေ(၃၀,၀၀၀)ကျပ် လှူဒါန်းပေးခဲ့ပါသည်။

လပြည့်နေ့လှူဒါန်းခြင်း

လပြည့်နေ့လှူဒါန်းခြင်း

၁၁.၂.၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားအား ထမနဲဆွမ်းကပ်လှူရန်အတွက် MWCDF မိသားစုများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်ထမနဲထိုးပွဲအား ဆောင်ရွက်ခဲ့ကြပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

၁၀.၂.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်က‌လေးသူငယ်များ ဘဝမြှင့်တင်‌ရေးအသင်းမှ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၂)မူကြိုကျောင်းသို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူကလေးများအား သင်ထောက်ကူပစ္စည်းများနှင့် ကစားစရာများအား သွားရောက်လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက လက်ခံယူခဲ့ပါသည်။