သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး သည် ၃.၁၁.၂၀၂၅ ရက်နေ့တွင် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကချင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၃ ဦးသည် ၃.၁၂.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အားကာခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင် ၃ ဦးသည် ၃.၁၂.၂၀၂၅ ရက်နေ့တွင် မကွေးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင်ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

ကိုရီးယားနိုင်ငံ၊ ဘူစန်မြို့တွင် (၂.၁၂.၂၀၂၅)ရက်နေ့မှ (၅.၁၂.၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သော ကျား/မ တန်းတူရေးနှင့် အမျိုးသမီးစီးပွားရေးဆိုင်ရာ စွမ်းဆောင်မှုမြှင့်တင်ရေး အာဆီယံအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဗဟိုရုံးချုပ်မှ ဥက္ကဌ ဒေါက်တာနန္ဒာမွှန်း၊ ဒုဥက္ကဌ ဒေါ်သူဇာဝေ၊ ပဲခူးတိုင်းအသင်း ဥက္ကဌ ဒေါ်ခင်ဝတ်ရည်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်း ဥက္ကဌ ဒေါ်ကေသီအောင် တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် MWCDF အသင်းဥက္ကဌ ဒေါက်တာနန္ဒာမွှန်းမှ “Country Cases and Current Situations of Women’s Employment in

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ကူညီစောင့်ရှောက်မှုပေးရန်လိုအပ်လျက်ရှိသော မိသားစုများအတွက် ထောက်ပံ့ငွေများ၊ ခေါက်ဆွဲခြောက်များ၊ အမွှေးပွစောင်များ၊ အဝတ်အထည်များနှင့်ကလေးငယ်များအတွက် ကစားစရာပစ္စည်းအရုပ်အစုံပါဗူးများကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် ၂ ဦးသည် ၁.၁၂.၂၀၂၅ ရက်နေ့တွင် ပုသိမ်မြို့၌ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု့ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်၊ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြုသင်တန်းသို့သွားရောက်၍ စက်ချုပ်သင်တန်းသူ (၁၅)ဦးအား သင်ထောက်ကူပိတ်စများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းငွေ ၁၀၀,၀၀၀/-ကျပ်ဖြစ်ပါသည်။