သတင်း

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

၃.၁.၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်နှင့် ခေါင်းဆေးကျွန်းကျောင်းတိုက်များသို့ အလှူငွေ (၁)သိန်းကျပ်စီ  လှူဒါန်း၍ နှစ်ဦးအလှူဆွမ်းကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၃ .၁ .၂၀၂၅ ရက်နေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ပဲခူးမြို့၊ ရပ်ကွက်ကြီး  ( ၇)ခုတွင် ကျင်းပခဲ့ရာ အားကစားနည်း(၁၃) မျိုးပါ၀င်ကစားကြပြီး ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းအဖွဲ့၀င်များက ဆုများချီးမြှင့်ပြီး မုန့်ဟင်းခါး စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ဆုချီးမြှင့်ပေးအပ်ခြင်း

ဆုချီးမြှင့်ပေးအပ်ခြင်း

၂.၁.၂၀၂၅ ရက်နေ့တွင် ဥတ္တရသီရိမြို့၊ အမှတ်( ၁၂ )အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သော ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဥတ္တရသီရိမြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ (EM)စွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၃၁.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်စန်းစန်းမြင့်မိသားစုနှင့် ဗဟိုအလုပ်အမှုဆောင်တို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)မှ ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသနေသောလူနာများ၊ လူနာစောင့်များအတွက် နေ့လည်စာအာဟာရဒါနအဖြစ် ထမင်း/ဟင်းများကို လက်ရောက်ပေးဝေလှူဒါန်းခဲ့ရာ ကာလတန်ဖိုး (၃၀၀၀၀၀)ကျပ်၊ လူနာတစ်ဦးလျှင် (၅၀၀၀)ကျပ် နှုန်းဖြင့် လူနာ(၁၃၀)ဦးအတွက် (၆၅၀၀၀၀)ကျပ်၊ စုစုပေါင်း (၉၅၀၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

(၂၇.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များသည် တောင်ကြီးမြို့၊ နောင်ကား ရတနာစိန်ကျောင်းတိုက်အတွင်းရှိ မေတ္တာခန္တီစေတီတော်မြတ်ကြီးနှင့် အရံစေတီတော် (၁၆၃)ဆူတို့အား ရွှေထီးတော်တင်လှူခြင်းနှင့် ဘုရားအနေကဇာတင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အလှူငွေ (၅၀၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၇.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ သင်တန်းသား (၁)ဦးသည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ခြင်းတောင်းယက်သင်တန်းဆင်းပွဲအား ထားဝယ်မြို့၊ ယဉ်ငေး သာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်ဆင်းလက်မှတ် လက်ခံရယူခဲ့ပါသည်။ သင်တန်းသားများအား တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ မုန်နှင့် အချိုရည်များ ဧည့်ခံကျွေးမွေးခဲ့ရာ ကာလတန်ဖိုးငွေ (၅၀၀၀၀)ကျပ် ကျွေးမွေးလှူဒါန်းနိုင်ခဲ့ပါသည်။