သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်၊ သင်တန်းသူ (၅)ဦးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကြီးမှူးကျင်းပသည့် တန်ဖိုးမြှင့်စားသောက်ကုန် (၇)မျိုး ထုတ်လုပ်နည်း အဆင့်မြင့်သင်တန်းကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၃)ဦးသည် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မကွေးမြို့စုပေါင်းရုံးတွင် ကျင်းပပြုလုပ်သော ကျောင်းအခြေပြု တီဘီရောဂါအရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းစီမံချက် အသိပေးရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၉.၁၂.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတောင်ခြေရှိ ရွှေကျင်တိုက်မကြီးကျောင်းတွင် ရောက်ရှိနေကြသော မတ္တရာမြို့နယ်၊ မိုးကြိုးကျေးရွာမှ နေရပ်စွန့်ခွါကျောင်းသား/သူ (၁၀၂)ဦးအတွက် စာအုပ်၊ ခဲတံ၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည်၊ လက္ဘရည်ထုပ်များနှင့် ပေါင်မုန့်များ လှူဒါန်းထောက်ပံ့ခြင်းနှင့် ကျောင်းထိုင်ဆရာတော်ကြီးအား နဝကမ္မအလှူငွေ (၁၀၀၀၀၀)ကျပ် ဆပ်ကပ်လှူဒါန်းခဲ့ပြီး စုစုပေါင်းလှူဒါန်းငွေမှာ (၄၉၅၀၀၀)ကျပ် ဖြစ်ပါသည်။ ထိုနောက် ဥက္ကဌသည် ကျောင်းသား/သူများ အား မြတ်ဗုဒ္ဓဟောကြားသောတရားဖြစ်သည့် “ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား” ခေါင်းစဉ်အားလည်းကောင်း၊ ဒုတိယဥက္ကဌသည် “ လူငယ်နှင့်

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၈.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ထားဝယ်မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော မူကြိုကလေးငယ်များအတွက် ကစားစရာပစ္စည်းများ ပေးအပ်လှူဒါန်းသည့်အခမ်းအနာအား တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၈.၁၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် နေပြည်တော်၊ ကလေးအထူးကုဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် အာဟာရဒါနအဖြစ် ပဲနို့၊ ကွေကာအုပ်၊ ပေါင်မုန့်၊ ဘီစကစ်၊ ဝေဖာနှင့် ခြေအိတ်များ ကာလတန်ဖိုး (၂၀၀၀၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၆.၁၂.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ အ.မ.က(နောင်ယားဖေး)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအတွက် ကစားစရာပစ္စည်း (၈)ဗူး၊ အသင်းဗလာစာအုပ် (၅)ဒါဇင်နှင့် မုန့်များ၊ ကာလတန်ဖိုး (၂၀၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။