သတင်း

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၆.၁၂.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ခွဲ) သောဘုံရွာ မူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအတွက် ကစားစရာပစ္စည်း (၈)ဗူး၊ အသင်းဗလာစာအုပ် (၅)ဒါဇင်နှင့် မုန့်များ၊ ကာလတန်ဖိုး (၂၀၀၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၆.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင် များသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် တက်ရောက်ကုသနေသော အမျိုးသမီးလူနာများနှင့် မီးဖွားမိခင်များအား နေ့လည်စာအာဟာရများ ကာလတန်ဖိုး (၃၀၀၀၀၀)ကျပ် ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၄.၁၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် နေပြည်တော်ကောင်စီ အစည်းအဝေးခန်းမတွင်ပြုလုပ်သော အသက် (၈၅)နှစ် နှင့်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စည်ထောက်ပံ့ကြေးပေးအပ်နိုင်ရေး၊ Banking System စနစ်ဖြင့် ငွေထုတ်ယူနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၃.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာကြူကြူအေး သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၂.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ပူးပေါင်းဖွင့်လှစ်သော Grade-11/12 သင်ဆရာ/ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) နှင့် အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထောက်ပံ့လှူဒါန်းခြင်း

ထောက်ပံ့လှူဒါန်းခြင်း

(၁၁.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ် များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် အေးသာယာမြို့၊ မြန်မာ့တိုင်းရင်းဆေးရုံတွင် ဆေးကုသလျက်ရှိသော ရှမ်းပြည်နယ်(မြောက်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင်ထံသို့ သွားရောက်၍ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ကာလတန်ဖိုး (၈၄၇၀၀)ကျပ် စုစုပေါင်း (၁၈၄၇၀၀)ကျပ်အား ထောက်ပံ့ပေးအပ်၍ အားပေးစကားများပြောကြားခဲ့ပါသည်။