သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် များသည် ရန်ကုန်မြို့၊ LOTTE Hotel , Sapphire Ballroom တွင် ကျင်းပပြုလုပ်သော ASEAN – IPR Progamme on Women in Peace Process National Level Discussion အစည်းအဝေးကို တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယ ဥက္ကဌ၊ ဗဟိုအလုပ်အမှုဆောင် များသည် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၉.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက မကွေးမြို့၊ မြို့နယ််စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၉.၁၂.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၄)ဦးသည် မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် E-Government အ‌ထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကိုတက် ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၈.၁၂.၂၀၂၄)ရက်နေ့၊ ၀၉၀၀နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး နှင့် (၄)ဦးသည် ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါ သည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၆.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ UCT HOTEL တွင် ကျင်းပပြုလုပ်သော Trauma First Aid သင်တန်းဆင်းပွဲကို တက်ရောက်ခဲ့ပါသည်။