သတင်း

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၆.၁၂.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၂)ဦး၊ သင်တန်းသူ (၅)ဦး၊ စုစုပေါင်း (၇)ဦးသည် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီက ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး မုန့်လုပ်နည်းသင်တန်းကို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၆.၁၂.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင် (၃)ဦးသည် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနား( “AIDS ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်း ဝန်းပံ့ပိုးစို့” “Take the Right Path” ဆောင်ပုဒ်) ကိုတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၅.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၃)ဦးသည် တနင်္သာရီတိုင်းအစိုးရအဖွဲ့က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

လှူဒါန်းထောက်ပံ့ခြင်း

လှူဒါန်းထောက်ပံ့ခြင်း

(၅.၁၂.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ ဒေါ်ကေသီအောင် နှင့် အလုပ်အမှုဆောင် (၃)ဦး၊ အသင်းဝင် (၁၇)ဦး၊ စုစုပေါင်း (၂၀)ဦးသည် ရှမ်းရိုးမဘိုးဘွားရိပ်သာသို့သွားရောက်၍ ဘိုး/ဘွား (၂၀)ဦး၏ အိပ်ဆောင်နေရာများ၊ စားသောက်ဆောင်၊ နားနေဆောင်နှင့် ရေချိုးခန်း/အိမ်သာများအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘိုးဘွားများအား လက်သည်း/ခြေသည်းညှပ်ပေးခြင်း၊ နေ့လည်စာအာဟာရလှူဒါန်းခြင်း၊ အားဆေးနှင့် ဆန်ပြုတ်ထုပ်များလှူဒါန်းခြင်း၊ မျက်နှာသုတ်ပုဝါများလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လှူဒါန်းခဲ့သည့် စုစုပေါင်းတန်ဖိုးငွေမှာ (၄၁၇၈၀၀)ကျပ် ဖြစ်ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၅.၁၂.၂၀၂၄)ရက်နေ့တွင် ရန်ကုန်တိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၅)ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီက ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၅.၁၂.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင် (၁၀)ဦးသည် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။