ကမ္ဘာ့ကလေးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးသည် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၂၀.၁၁.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးသည် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၂၀.၁၁.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် (၄)ဦး တို့သည် ကရင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း၏ (၇/၂၀၂၃)အစည်းအဝေးကို ကျင်းပပြုလုပ်ရာ အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များတက်ရောက်၍ အသင်းလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခြင်း၊ အသင်းဝင်အသစ်များအားကြိုဆိုခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။
(၁၉.၁၁.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး MWCDF အသင်း မိသားစုများ၏ စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဂရုဏာပရဟိတ ဇယမင်္ဂလာမဟာစည်သာသနာ့ရိပ်သာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
(၁၈.၁၁.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်း MWCDF အသင်း ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီး (၅၃)ဦးအတွက် နေ့လယ်စာ ထမင်း+ဟင်း လှူဒါန်းခြင်းနှင့် ရေချိုးဆပ်ပြာ၊ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ကွေကာအုတ်တို့ကို သွားရောက်လှူဒါန်းခဲ့ပါသည်။
(၁၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနမှ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခန်းမ)တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။