သတင်း

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရန်လှူဒါန်းခြင်း

(၁.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၈)ဦးသည် ထားဝယ်မြို့၊ လယ်ဘော်ဘုန်းကြီးကျောင်းသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး မြင့်မိုရ်လက်ခတ်တောင်တွင် မီးဘေးသင့်သွားသော ဘုန်းကြီးကျောင်းပြန်လည်ဆောက် လုပ်ရန်အတွက် အလှူငွေ (၇၀၀၀၀)ကျပ်နှင့် ကျောင်းရှိစာသင်သံဃာတော်များအတွက် စာရေးကိရိယာများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘွဲ့တံဆိပ်တော်ပူဇော်ပွဲ အခမ်းအနား

ဘွဲ့တံဆိပ်တော်ပူဇော်ပွဲ အခမ်းအနား

(၁.၁၂.၂၀၂၄)ရက်နေ့တွင် တနင်္သာရီတိုင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ နှင့် အဖွဲ့ဝင်(၈)ဦးသည် ထားဝယ်မြို့၊ မြို့မယဉ်ငေးသာသနာ့ရိပ်သာ တိုက်အုပ်ဆရာတော်၏ သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိတော်မူသော ပထမဦးဆုံး ထားဝယ်အမျိုးသား ရဟန်းတော် ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ပွဲသို့ တက်ရောက်ကာ အလှူငွေ (၄၅၀၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။ ထို့အပြင် အသင်းအဖွဲ့ဝင်များက ပန်းခြင်းများသယ်ယူပူဇော်ခြင်းတို့ဖြင့် ပါဝင်ကုသိုလ်ပြုခဲ့ကြပါသည်။

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

တည်ထောင်ခွင့်ပြုမိန့် ပေးနိုင်ရေးဆောင်ရွက်ခြင်း

(၂၉.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီ ECCD ကော်မတီအဖွဲ့ဝင်များနှင့်အတူပူပေါင်း၍ Nature Land Preschool ပုဂ္ဂလိကမူလတန်းကြိုကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ပေးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၉.၁၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့တော်ခန်းမတွင်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အသင်းဝင် (၄)ဦးတို့တက်ရောက်ခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၂၉.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံ (ခုတင်-၅၀၀)တွင် အမျိုးသမီးလူနာများနှင့် လူနာစောင့်များအတွက် နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်းနှင့် ကန်စွန်းရွက်ချဉ်ဟင်းရည်တို့ကို စေတနာရှင်မိသားစုမှသွားရောက်ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၈.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဒုဥက္ကဌ ဒေါ်စုညွန့်ဦးနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင် တို့သည် နေပြည်တော်၊ MICC(II)ခန်းမ၌ ရင်းနှီမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)”ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။