သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းဝင် (၂)ဦးသည် မကွေးမြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “Listen to  the Future” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှကျင်းပပြုလုပ်သော (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “Listen to the Future” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၀.၁၁.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် (၃၅) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား” အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “ Listen to the Future” အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၉.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)ဦးတို့သည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပပြုလုပ်သော (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အကြိုလှုပ်ရှားမှုအခမ်းအနား” အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” Listen to the Future” သို့တက်ရောက်ပြီး တေးသီချင်းများဖြင့်ဖျော်ဖြေကြသော သားငယ်/သမီးငယ်များအား ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများချီးမြှင့်ခဲ့ကြပါသည်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ထောက်ပံ့ခြင်း

ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ထောက်ပံ့ခြင်း

(၁၉.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှု့အစီအစဉ်ဆေးရုံတွင် တက်ရောက်ခွဲစိတ်သည့်လူနာများအား သွားရောက်တွေ့ဆုံ၍ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အာဟာရကျွေးမွေးလှူဒါန်းခြင်း

အာဟာရကျွေးမွေးလှူဒါန်းခြင်း

(၁၆.၁၁.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာတွင်ပြုလုပ်သည့် အဘိုးအဘွားများအား စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် အခမ်းအနားတွင် ပါဝင်လှူဒါန်းကျွေးမွေးခဲ့ပါသည်။