သတင်း

ကထိန်အလှူတော်မင်္ဂလာအခမ်းအနား

ကထိန်အလှူတော်မင်္ဂလာအခမ်းအနား

(၁၄.၁၁.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် နေပြည်တော် သာဝတ္ထိမြို့ စခန်းထောက်ကျောင်းတိုက်၌ကျင်းပပြုလုပ်သော ကထိန်အလှူတော်မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင်အတွက်အလှူငွေများလှူဒါန်းခြင်း၊ ပင့်သံဃာအပါး (၂၀)ပါးတို့ကို တစ်ပါးလျှင် (၅၀,၀၀၀)ကျပ်စီလှူဒါန်းခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနား

သင်တန်းဆင်းပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်(၃)ဦးတို့သည် တိုင်းလူမှုဝန်ထမ်းနှင့် UNICEF တို့ပူးပေါင်း၍ကျင်းပသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြခံသင်တန်းကို အစိုးရမူလတန်းကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း၊ ကျောင်းသား/သူမိခင်များနှင့်ဆရာ/ဆရာမများအတွက် တိုင်းလူမှုဝန်ထမ်းရုံးတွင် (၂၅.၁၀.၂၀၂၄)မှ(၁၃.၁၁.၂၀၂၄)ရက်ထိဖွင့်လှစ်သင်ကြားရာ အသင်းမှ သင်တန်းသူ (၃)ဦးတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်များ လက်ခံရရှိခဲ့ပါသည်။

အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်း

အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်း

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် တိုင်းလူမှုဝန်ထမ်းရုံးသို့သွားရောက်၍ မသန်စွမ်းကလေး (၂၂)ဦးအား အာဟာရမုန့်များ၊ ဦးထုပ်များ ပေးဝေလှူဒါန်းခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား

သင်တန်းဖွင့်ပွဲအခမ်းအနား

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁)ဦးသည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မသန်စွမ်းသူများနှင့်မိသားစုဝင်များအတွက် အလှဆွဲခြင်းနှင့် မြန်မာအစားအစာပြုလုပ် နည်းသင်တန်းနှင့် မသန်စွမ်းမှုအမြင်၊ သဘောတရားများအမြင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၃.၁၁.၂၀၂၄)ရက်နေ့တွင် မန္တလေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၂)ဦးတို့သည် မန္တလေးတောင်ခြေရှိ၊ ခလရ (၉၅)တပ်ရင်းမူကြိုကျောင်း၊ ပင်မစစ်လက်နက်ပစ္စည်းတပ် မူကြိုကျောင်းအမှတ်(၉၁၀)၊ စစ်မြေပြင်အင်ဂျင်နီယာတပ်မူကြိုကျောင်းများသို့သွားရောက်၍ ကလေးများအတွက် ကစားစရာပစ္စည်းပုံးများနှင့် မုန့်များပေးဝေလှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

(၁၂.၁၁.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ် NSPAW ကနဦးအစီရင်ခံစာရေးသားရေးနှင့်ပတ်သက်၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားများ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။