သတင်း

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

ဆွေးနွေးဟောပြောပွဲ တက်ရောက်ခြင်း

(၁၄.၁၁.၂၀၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) SSYEA မှ ဦးစီးကျင်းပပြုလုပ်သော Global Entrepreneurship Week ( GEW ) အထိမ်းအမှတ် ” RISING THROUGH ADVERSITY” အခက်အခဲကြားမှ ထိုးဖောက်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတွင် ရှမ်းပြည်နယ် ( တောင်ပိုင်း) MWCDF အသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ပါသည်။

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

သားဖွားမီးယပ်အထူးကုဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၁၄.၁၁.၂၀၂၃)နေ့တွင် MWCDF အသင်း၏ ဥက္ကဌ (မိသားစု)မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးကုသခံယူနေသော လူနာများနှင့် လူနာစောင့်များအား နေ့လည်စာ ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို အလှူရှင် (မိသားစု)ကိုယ်စား အသင်း CEC အဖွဲ့ဝင်တို့က ကိုယ်တိုင်သွားရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

အသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ် MWCDF အသင်းမှ အဖွဲ့ဝင်(၅)ဦးတို့သည် ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်မည့် ပြည်နယ်အဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါသည်။

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

သောက်သုံးရေ ရရှိရေးပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း

(၁၃.၁၁.၂၀၂၃) မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းရှိ စက်ရေတွင်းအား MWCDF အသင်း(ဗဟိုရုံးချုပ်)မှပံ့ပိုးမှုဖြင့် ပန့်တပ်ဆင်ခြင်းနှင့် စက်ရေတွင်းရေရရှိသည်အထိ လုပ်ငန်းဆောင်တာများ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။

MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်

MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်

(၉.၁၁.၂၀၂၃)ရက်နေ့တွင် MWCDFအသင်း၏ ပညာပေးရေးအစီအစဉ်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရွှေကြာပျိုးခင်း အမှတ် (၁)၊ ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းမှ (G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦးနှင့် ဒက္ခိဏသီရိမြို့နယ်၊ အောင်ချမ်းသာ (ပရဟိတ)သီလရှင်သင်ပညာရေးကျောင်းမှလည်း(G-6,G-8,G-9) ကျောင်းသား/သူ(၅၀)ဦး၊ ဆရာ/ဆရာမ(၆)ဦးတို့ကို အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက် တို့ကိုလေ့လာရေးပို့ဆောင်ပေးပြီး နေ့လည်စာအာဟာရများနှင့် အစာပြေအာဟာရများ ကျွေးမွေးခဲ့ပါသည်။ အသင်းအနေဖြင့် ယခုလိုပို့ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့ ကျောင်းသား/သူများ စာကြည့်တိုက်နဲ့ရင်းနှီးပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတရဖွယ် စာပေများဖတ်ရှုခြင်း အလေ့အထများ ထွန်းကားလာစေရန်နှင့် စာဖတ်အားတွေထက်သန်ကာ ဉာဏ်ရည်တွေဖွံ့ဖြိုးတိုးတက်စေရန် ပညာပေး‌ရေးအစီအစဉ်များရေးဆွဲကာ ပို့ဆောင်ပေးခြင်းဖြစ်ပါသည်။

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း

(၇.၁၁.၂၀၂၃)ရက်နေ့တွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်၊ မရှိခဏဘုရားကျောင်းတိုက်၌ MWCDF အသင်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၏ (ဆဌမအကြိမ်)မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားတွင် သံဃာတော်အရှင်မြတ်များအား ကထိန်ညှပ်ကြီးသင်္ကန်း၊ သိန်း(၃၀)ကျပ် ငွေပဒေသာပင်အလှူတော်နှင့် အခြားလှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ အနုမောဒနာ၊ တရားဒေသနာတော် နာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ၎င်းနောက် သံဃာတော်အရှင်မြတ်များနှင့် သာမဏေများကို နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။