သတင်း

ရေဘေးသင့်ပြည်သူများအားထောက်ပံ့လှူဒါန်းခြင်း

(၅.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အသင်းနာယကကြီးမိသားစု၊ အသင်းဗဟိုအလုပ်အမှုဆောင်များစုပေါင်း၍ တပ်ကုန်းမြို့နယ်၊ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဘုရားပုံတော်များ၊ အန္တရာယ်ကင်းဘုရားစာအုပ်များ၊ ဆန်၊ ဆီ၊ လက်ဖက်၊ ပဲကြော်၊ ကော်ဖီမစ်၊ ခေါင်းအုံးများ၊ မီးဖိုများ၊ ဖျာ၊ ဖယောင်းတိုင်ထုတ်များ၊ မီးခြစ်၊ ဓါတ်မီးများ၊ ဆပ်ပြာမွှေးခဲ၊ အဝတ်လျှော်ဆပ် ပြာခဲ၊ ခေါင်းဘီး၊ သွားတိုက်ဆေး/တံ၊ အဝတ်အထည်များ၊ အမျိုးသမီးများအတွက် လုံချည်များ၊ လစဉ်သုံးပစ္စည်းများအား လှူဒါန်းခြင်း၊ ကျောင်းသား/သူများအတွက် ကျောင်းအင်္ကျီဖြူ/စိမ်းများ၊ ဗလာစာအုပ်၊ ခဲတံ၊ ရောင်ခဲတံနှင့် ကလေးကစားစရာပစ္စည်းများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။

ပညာရေးထောက်ပံ့လှူဒါန်ခြင်း

ပညာရေးထောက်ပံ့လှူဒါန်ခြင်း

(၄.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ လူမှုဝန်ထမ်းအသိအမှတ်ပြု ပုသိမ်မြို့၊ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းနှင့် ကိုးဆူကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းများသို့ သွားရောက်ပြီး ကစားစရာပစ္စည်းများ၊ ပဲနို့များနှင့် ပေါင်မုန့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။

မီးဖွားစရိတ်ထောက်ပံ့လှူဒါန်းခြင်း

(၂.၁၀.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်းရုံးချုပ်မှ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကလေးအထူးကုဆေးရုံကြီးတွင် မီးဖွားသော (၃)မွှာပူးကလေးမိခင်အား သွားရောက်ကြည့်ရှုပြီး ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။

ဆွေးနွေးပွဲတက်ရောက်ခြင်း

ဆွေးနွေးပွဲတက်ရောက်ခြင်း

(၂.၁၀.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် Health Cluster Meeting for food ဆွေးနွေးပွဲအား တက်ရောက်ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃) အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကိုတက်ရောက်ပြီး အဘိုးအဘွားများအတွက် အလှူငွေများကန်တော့ခဲ့ကြပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၄)ရက်နေ့တွင်မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း မှ ဥက္ကဌနှင့် အဖွဲ့ဝင် (၁၀)ဦးတို့သည် မကွေးတိုင်းဒေသကြီးအစိုးအရဖွဲ့မှကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။