သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် (၂)ဦးတို့သည် တောင်ကြီးမြို့၊ အ.ထ. က(၅)စိန်မြင့်မိုရ်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသောအပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကိုတက်ရောက်၍ အဘိုးအဘွားများအတွက် ကန်တော့ငွေပါဝင်လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်(၅)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

သင်တန်းတက်ရောက်ခြင်း

သင်တန်းတက်ရောက်ခြင်း

(၂၅.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ရုံးအဖွဲ့ဝင်(၂)ဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ချေလျော့ချရေးနေ့အထိမ်းအမှတ်အဖြစ်  ဘေးအန္တရာယ်ကြံကြံခံနိုင်ရေး လူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါသည်။

ရေဘေးသင့်ပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပရိယတ္တိစာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ် လမင်းပရိတ္တိစာသင်တိုက်ရှိသံဃာအပါး (၅၇)ပါးအတွက် နေ့ဆွမ်း၊ ရေသန့်ကဒ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံ့မြို့နယ် ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၁၅၀)ပါးအတွက် နေ့ဆွမ်း၊ ရေသန့်ကဒ်များနှင့် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်သီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၁၈.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ရေးဘေးသင့် သုခဝတီသီလရှင်စာသင်တိုက်သို့သွားရောက်၍ သီလရှင်အပါး (၉၇)ပါးအတွက် နေ့ဆွမ်းကပ်လှူဒါန်းခြင်း၊ ဝတ္ထုငွေများလှူဒါန်းခြင်း၊ ရေသန့်ကဒ်များ၊ မုန့်များ၊ အမျိုးသမီးအသုံးဆောင်များ လှူဒါန်းခဲ့ပါသည်။