သတင်း

ရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းခြင်း

(၁၈.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် MWCDF အသင်းမှ ငွေကျပ်သိန်း(၅၀)ကျပ်နှင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)ကျပ် စုစုပေါင်းလှူဒါန်းငွေ သိန်း(၇၀)ကျပ်တိတိကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ မှတ်တမ်းဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၅.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့၊ အိမ်တိုင်ကုန်းရွာ ကျေးရွာဓမ္မာရုံရေဘေးစခန်းရှိ အိမ်ထောင်စု (၂၈)စုအတွက် နေ့လည်စာ ထမင်းထုပ် (၁၃၀)ထပ်၊ ခေါက်ဆွဲခြေက် (၁၀)ဖါနှင့် ရေသန့် (၄၅)ကဒ် တို့ကို သွားရောက်လှူဒါန်းပြီး ကယ်ဆယ်ရေးစခန်းရှိ ဘိုးဘွား (၄)ဦးနှင့် မွေးကင်းစကလေး (၂)ဦးကို လည်း ကျပ်တစ်သောင်းစီ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၅.၉.၂၀၂၄)ရက်နေ့တွင် ကရင်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ လေသာကျောင်းရေဘေးကယ်ဆယ်ရေးစခန်းရှိအိမ်ထောင် (၄၀)စုအတွက် နေ့လည်စာ ထမင်းထုပ်များနှင့် ခေါက်ဆွဲခြောက် (၁၅)ဖာတို့အား သွားရောက်လှူ ဒါန်းခဲ့ပါသည်။           

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

ပညာရေးထေက်ပံ့လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ သည် ဆီဆိုင်မြို့နယ်အတွင်းရှိ အ.မ.က (၇,၆,၃,ဝါးတော)ကျောင်းတို့ရှိ ကျောင်းသား/သူများအတွက် လေးကြောင်းမျဉ်းစာအုပ် (၂၂)ဒါဇင်၊ အသင်းဗလာစာအုပ် (၈)ဒါဇင်နှင့် အသင်းသို့ မန္တလာမင်းကားဂိတ်က လှူဒါန်းသော စာအုပ် (၂၅)ဒါဇင်၊ ခဲတံ (၁၅)ဒါဇင်နှင့် ကလေးကစားစရာပစ္စည်းစုံ ဗူး(၅)ဗူးတို့ကို ဆီဆိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးထံပေးအပ်ကာ ကျောင်းများသို့ ဆက်လက်လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့် ခိုင်မေတ္တာပရဟိတအဖွဲ့ဝင်များသည် ညောင်ရွှေ မြို့နယ်၊ ဆေးရုံတွင်တက်ရောက်နေသော လူနာများနှင့် ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံလျက်ရှိကြသော ရေဘေးသင့်ပြည်သူများအား ဆပ်ပြာ၊ Shampooများနှင့် ရေသန့်များ၊ မုန့်များသွားရောက်လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဆန်၊ ဆီ၊ ကြာဇံ၊ ခေါက်ဆွဲ၊ ပဲနီလေး၊ လက်ဖက်၊ ပဲကြော်၊ အသားတုများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခြင်း

(၁၄.၉.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (ဗဟို)နှင့် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့ စုပေါင်း၍ အေလာမြို့၊ ဧလာတိဏ္ဏစေတီတော်ကျောင်းတိုက်တွင် ရောက်ရှိနေကြသော ရေဘေးသင့်ကျေးရွာများမှ ရွာသူ/သားများကို ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ တီရှပ်များ၊ ပုဆိုးများ၊ အမျိုးသမီးဝတ်အင်္ကျီ/လုံချည်များ၊ ကလေးအင်္ကျီများ၊ ဖိနပ်များ၊ ကိုယ်တိုက်ဆပ်ပြာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ မုန့်များ၊ ကလေးကစားစရာအရုပ်များ၊ ခေါက်ဆွဲကြော်များ၊ နဝကမ္မအလှူငွေများနှင့် သင်္ကန်းတို့ကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။