သတင်း

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၃.၈.၂၀၂၄)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် (၁)ဦးတို့သည် နေပြည်တော်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ ကျင်းပပြုလုပ်သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

တိုင်းအမျိုးသမီးကော်မတီ အစည်းအဝေး

တိုင်းအမျိုးသမီးကော်မတီ အစည်းအဝေး

(၂၂.၈.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် မကွေးတိုင်း၊ လူမှုဝန်ထမ်းရုံးတွင်ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဒုတိယ (၃)လပတ်ကာလအတွင်း မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၂၂.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျင်းပပြုလုပ်သော ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်နှင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၂၀.၈.၂၀၂၄)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ တိုက်ကြီးကုန်းကျေးရွာရှိ မူကြိုကျောင်း (၂)ကျောင်းနှင့် ပုသိမ်မြို့ပန်းဆက်ရပ်ကွက်၊ လူမှုဝန်ထမ်းက လေးပြုစုရေးဌာနရှိ ကလေးငယ်များအား အသုံးဆောင်ပစ္စည်းများ၊ ကစားစရာပစ္စည်းများ၊ မုန့်များ ကျွေးမွေးလှူဒါန်းခဲ့ပါသည်။

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

ပညာရေးထောက်ပံ့လှူဒါန်းခြင်း

(၁၈.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ အ.ထ.က (၇)ကျောင်းတွင်တက်ရောက်နေသော တိုက်ပွဲရှောင်ကျောင်းသား/သူ (၇၄)ယောက်အတွက် စာအုပ်နှင့်ဘောပင်များသွားရောက်ထောက်ပံ့ခဲ့ပြီးကလေးများအတွက် လိုအပ်လျှက်ရှိသော အထူးထုတ်စာအုပ်များ၊ G-12 ကျောင်းသား/သူများအတွက် အသင်း Logo စာအုပ်များကိုလည်း ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သွေးလှူဒါန်းပွဲအခမ်းအနား

သွေးလှူဒါန်းပွဲအခမ်းအနား

(၁၇.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အလုပ်အမှုဆေင် (၂)ဦးတို့သည် ကျိုင်းတုံခန်းမ၌ ကျင်းပပြုလုပ်သော တောင်ကြီးတက္ကသိုလ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ပြီး သွေးလှူဒါန်းကြသော ကျောင်းသား/သူ (၂၁၉)ဦးကို Royal D အချိုရည်ဗူးများပေးအပ်လှူဒါန်းခဲ့ပါသည်။