သတင်း

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

(၁၅.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌသည် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၂)မှာပြုလုပ်သော သက်ကြီးရွယ်အိုများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၅.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အလုပ်အမှုဆောင် (၂)ဦးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၃.၈.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူးသည် မော်လမြိုင် တက္ကသိုလ်ကျင်းပပြုလုပ်သော (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး အဆင့်မြင့်(တက္ကသိုလ်ပေါင်းစုံ)ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲအမှတ်ပေးဒိုင်အဖြစ် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၁၃.၈.၂၀၂၄)ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်အခမ်းအနားကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ကိုတက်ရောက်ခဲ့ပြီး ကျောင်းသား/သူများအား အာဟာရကျွေးမွေးနိုင်ရေးအတွက် အလှူငွေများ လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတက်ရောက်ခြင်း

အခမ်းအနားတက်ရောက်ခြင်း

(၁၂.၈.၂၀၂၄)ရက်နေ့တွင် နေပြည်တော်တိုင်း အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်သော “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၈.၈.၂၀၂၄)ရက်နေ့တွင် မွန်ပြည်နယ် အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ အဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည့် (၂၅)ကြိမ် မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။