MWCDF

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခြင်း

(၂၂.၁၁.၂၀၁၆)ရက်‌‌နေ့တွင်‌ MWCDF အသင်‌းရုံးချုပ်‌‌၊ ‌နေပြည်‌‌တော်‌၌ (၂၃)ကြိမ်‌‌မြောက်‌ ဗဟိုအလုပ်‌အမှု‌ဆောင်‌ လုပ်‌ငန်‌းညှိနှိုင်‌းအစည်‌းအ‌ဝေး ကျင်‌းပပြုလုပ်‌ခဲ့ပါသည်‌။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အရေးပေါ်ကူညီလှူဒါန်းမှု

(12.11.2016)နေ့တွင် MWCDFအသင်းမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စု၊ မအူလေးပင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ချောင်းရေလျံရေတိုက်စားခဲ့၍ အိမ်ထောင်စု(၈၆)စုမှာ ရေဘေးသင့်ခဲ့ပြီး နေအိမ်(၈)လုံးမှာ တစ်ခြမ်းစောင်းပြိုကျခဲ့ပြီး ချောင်းအတွင်းသစ်သားတံတားအဟောင်းမှာ ရေစီးနှင့်အတူမျောပါသွားခဲ့ပါသည်။ ကျေးရွာအဝင်လမ်းများမှာလည်း ရေတိုက်စားခံခဲ့ရ၍ ချောက်ကြီးများဖြစ်ကာ လမ်းပျက်စီးခဲ့ပါသည်။ ရေဘေးသင့် ကျေးရွာသူ/သားများအနေဖြင့် ရေတွင်း/ရေကန်များ လုံးဝသောက်သုံးမရသဖြင့် လိုအပ်သော သောက်သုံးရေအား MWCDF အသင်းမှ ရေသန့်ဘူးများဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ဆွေးနွေးခြင်း

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့တွင် ‌နေပြည်‌‌တော်‌ ရုံးအမှတ်‌(၂၃) လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော လှုမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး( ၁/၂၀၁၆)သို့ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း

  ၁။မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် (၁၈.၈.၂၀၁၆)နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပါရမီရိပ်သာရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့သွားရောက်ခဲ့ပါသည်။ ၂။ အသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျေးရွာများရှိ ပြည်သူများအားအမှန်တကယ် လိုအပ် လျှက်ရှိသော စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ပေးရန်၊ နှစ်သိမ့်ဆွေးနွေးရန်နှင့် ထောက်ပ့ံကူညီလှူဒါန်းရန်နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မည့်အချိန်တွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီမံဆောင်ရွက်ချက်များ အားချိတ်ဆက်၍ ပိုမိုထိရောက်သော ကူညီလှူဒါန်းမှုများဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းခဲ့ပါသည်။ ၃။ ပခုက္ကူမြို့နယ်သည် ရေဘေးသင့်ခဲ့မှုမှာအောက်ပါအတိုင်းဖြစ်ပါသည်- (က) ရေဘေးသင့်ခဲ့သောကျေးရွာ – (၈၈)ရွာ