mwcdf myanmar

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ထောက်ပံ့ကူညီလှူဒါန်းခြင်း

14.12.2016 လားရှိုးမြို့(ရှမ်းပြည်နယ် မြောက်ပိုင်း)ရှိ MWCDFအဖွဲ့ဝင် လူငယ်များမှ “ ချစ်ခြင်းမေတ္တာဂေဟာ” သို့သွားရောက်၍ ကလေးငယ်များအား အာဟာရကျွေးမွေးခြင်းနှင့် လိုအပ်သည်များ ကူညီလှူဒါန်းပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏လိုအပ်ချက်များအား ဆန်းစစ်ခြင်း လေ့လာမှုစာတမ်း” မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

၁၃.၁၂.၂၀၁၆နေ့တွင် Horizon Hotel, Nay Pyi Taw၌ ကျင်းပပြုလုပ်သော “ အရေးပေါ်အခြေအနေများတွင် အမျိုးသမီးများ၏လိုအပ်ချက်များအား ဆန်းစစ်ခြင်း လေ့လာမှုစာတမ်း” မိတ်ဆက်ပွဲအခမ်းအနားသို့ MWCDFအသင်းမှ CECများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ၂၀၁၅ခုနှစ်အတွင်းမြန်မာနိုင်ငံတွင်ကျရောက်ခဲ့သည့် ရေဘေးအန္တရာယ်ကြုံတွေ့ရသောအခြေအနေတွင် ကျား/မရေးရာလိုအပ်ချက်များအား လေ့လာသုံးသပ်ချက်အရ အမျိုးသမီးများသည်ဝင်ငွေရှာဖွေရာ၌ အမျိုး သားများနှင့်ဒိုးတူဘောင်ဘက်ရှာဖွေကြရသော်လည်း အိမ်ထောင့်တာဝန်နှင့်အိမ်မှု့ကိစ္စများတွင်မူ အမျိုးသားတို့၏ပါဝင်ကူညီမှုမှာ ၁၀%ခန့်သာရှိသည်ဟု ဖော်ပြထားပါ သည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ခြင်းလုပ်ဆောင်မှုမှတ်တမ်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ခြင်းလုပ်ဆောင်မှုမှတ်တမ်း

ကယားပြည်နယ် MWCDF အသင်းအဖွဲ့မှ မောင်ဝင်းမြတ်ထူး(YLPD Batch-4)အဖွဲ့သည် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု၊ ဝမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/သူ(၈၀)ဦးအား အာဟာရတိုက်ကျွေးခြင်းနှင့် ဆံပင်ညှပ်ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ ဧည့်သည်တော်များ လာရောက်လေ့လာခြင်းမှတ်တမ်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)သို့ ဧည့်သည်တော်များ လာရောက်လေ့လာခြင်းမှတ်တမ်း

12.12.2016 နေ့တွင် MWCDF (ရုံးချုပ်)သို့ ဧည့်သည်တော် စာရေးဆရာမ ခိုင်ယဉ်မွန်(ခ)ဒေါ်ခင်မာချစ်နှင့်အဖွဲ့လာရောက်သဖြင့် အသင်းမှ အသင်း၏လုပ်ဆောင်ချက် Documentaryအားပြသခြင်း၊ အသင်းဒုတိယဥက္ကဌမှ အသင်းလုပ်ဆောင်ခဲ့သည့် မှတ်တမ်းဓါတ်ပုံများအား ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။ ထို့ပြင် စာရေးဆရာမ ခိုင်ယဉ်မွန်(ခ)ဒေါ်ခင်မာချစ်နှင့်အဖွဲ့မှလည်း အလှူငွေများ ပြန်လည်ပေးအပ်လှူဒါန်းခဲ့ပါသည်။

Youth Leadership and Personality Development Program(Batch-5)သင်တန်းဆင်းပွဲအခမ်းအနား

Youth Leadership and Personality Development Program(Batch-5)သင်တန်းဆင်းပွဲအခမ်းအနား

(၆.၁၂.၂၀၁၆)နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF) နေပြည်တော် ရုံးချုပ်၌ (၂.၁၂.၂၀၁၆ မှ ၆.၁၂.၂၀၁၆ထိ) (၅)ရက်ကြာဖွင့်လှစ်ခဲ့သည့် လူငယ်ခေါင်းဆောင်မှုအခန်းကဏ္ဍနှင့်ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်းဆိုင်ရာ(အမှတ်စဉ်-၅)သင်တန်းဆင်းပွဲအခမ်းအနားကို အသင်း ဥက္ကဌ၊ ဒုဥက္ကဌ၊ CECများနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား/သူ (၄၀)ဦးတို့တက်ရောက်ခဲ့ပြီး အသင်းဥက္ကဌမှ သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးခြင်းနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းတို့ ပြုလုပ်ကျင်းပခဲ့ပါသည်။ သင်တန်းသား/သူများနှင့်လည်း အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

YLPD(Batch-5)သင်တန်း ပဉ္စမနေ့သင်ကြားမှုမှတ်တမ်း

YLPD(Batch-5)သင်တန်း ပဉ္စမနေ့သင်ကြားမှုမှတ်တမ်း

6th,December,2016 MWCDF ရုံးချုပ် နေပြည်တော်၌ ပြုလုပ်သော Youth Leadership and Personality Development Program (Batch- 5)သင်တန်း ပဉ္စမနေ့တွင် MWCDF အသင်း CEC ဒေါ်နန်းသိင်္ဂီမြင့်မှ” Critical Thinking” ဘာသာရပ်အကြောင်း သိကောင်းစရာများ ခေါင်းစဉ်ကိုဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသား/သူများမှလည်းတက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့သည့်အပြင် အဖွဲ့လိုက် activities များဆောင်ရွက်ခဲ့ကြပါသည်။