Month: ဇွန် 2017

အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်း

အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်း

(၂.၅.၂၀၁၇)နေ့ MWCDFရုံးချုပ်တွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-ဘဏ္ဍာရေးမှူးနှင့် CECအဖွဲ့ဝင်များသည် အသင်း၏ လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးနေသည့် မှတ်တမ်းဓါတ်ပုံများ

အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းသို့သွားရောက်လှူဒါန်းခြင်း

(၂. ၅. ၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဘဏ္ဍာ ရေးမှူးနှင့်CECများသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ အောင်ချမ်းသာ(ပရဟိတ)သီလရှင် ကျောင်းသိို့သွားရောက်၍ ကျောင်းထိုင်ဆရာလေးနှင့် ပညာသင်ကြားနေသော စာသင်သီလရှင်များအား အလှူငွေများ၊ လှူဘွယ်ပစ္စည်းစုံခြင်း(၁)ခြင်း၊ ဗလာစာအုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သည့်(ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဂျင်း)အစရှိသည့် ပစ္စည်းများလှူဒါန်းခဲ့ပါသည်။ အောင်ချမ်းသာ(ပရဟိတ)သီလရှင်ကျောင်းတွင် MWCDFအသင်း၏လှူဒါန်းမှုများနှင့် အလှူရှင် MWCDFအသင်း ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ CECများ၏ လှူဒါန်းမှုများအား နတ်၊လူ အများ ဝမ်းမြောက် နုမော် သာဓု ခေါ်ဆိုနိုင်ကြပါစေသော်

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သို့သွားရောက်လှူဒါန်းခြင်း

(၂. ၅. ၂၀၁၇)နေ့တွင် MWCDFအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-ဘဏ္ဍာရေးမှူးနှင့်CECများသည် ပျဉ်းမနားမြို့၊ ဇေယျာရာမပရိယတ္တိသီလရှင်စာသင်တိုက်သိို့ သွားရောက်၍ ကျောင်းထိုင်သီလရှင်ဆရာကြီးနှင့် စာသင်သီလရှင်များအား အလှူငွေများ၊ လှူဘွယ်ပစ္စည်းစုံခြင်း(၁)ခြင်း၊ ဗလာစာအုပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့်(ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြာဇံ၊ ဂျင်း)အစရှိသည့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုအတွက် နတ်၊ လူ အများ ဝမ်းမြောက် နုမော် သာဓု ခေါ်ဆိုနိုင်ကြပါစေသော်

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

အသင်းဥက္ကဋ္ဌမှနွေရာသီအင်္ဂလိပ်စာသင်တန်းတိုးတက်မှုအခြေအနေအားကြည့်ရှုခြင်း

(၃၀.၄.၂၀၁၇) MWCDFရုံးချုပ်၊ နေပြည်တော်၌ ဖွင့်လှစ်ထားသော နွေရာသီအင်္ဂလိပ််စာသင် တန်းတွင် တက်ရောက်နေသော ကျောင်းသား/သူများအား အသင်းဥက္ကဋ္ဌမှ ရင်းရင်းနှီးနှီး တွေ့ဆုံကာ သင်တန်းတက်ရောက်မှုအပေါ် တိုးတက်မှုအခြေအနေများအား မေးမြန်းခြင်းနှင့် ကြိုးစားသင်ကြားကြ ရန် မှာကြားခဲ့ပြီး ရေခဲကိတ်မုန့်များ၊ ဖာလူဒါများဖြင့် အာဟာရဒါနပြုခဲ့ပါသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနား

သက်ကြီးပူဇော်ပွဲအခမ်းအနား

(၁၄.၄.၂၀၁၇)သင်္ကြန်အကျနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဇေယျသုခ အရှေ့ကျေးရွာတွင် ကျေးရွာ MWCDFအဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ဝင်များစုပေါင်း၍ သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

သက်ကြီးရွယ်အိုအဖိုး၊အဖွားများအားလှူဒါန်းခြင်း

သက်ကြီးရွယ်အိုအဖိုး၊အဖွားများအားလှူဒါန်းခြင်း

(၁၃.၄.၂၀၁၇) သင်္ကြန်အကြိုနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မဟာမြိုင်ကျေးရွာ MWCDFအဖွဲ့ဝင်များနှင့် အလှူရှင်များမှသက်ကြီးရွယ်အို အဖိုး၊အဖွား(၃၃)ဦးအားလှူဘွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဥပုဒ်သီလစောင့် တည်ကြသူများအားလည်း အုန်းနို့ခေါက်ဆွဲများ ကျွေးမွေးဧည့်ခံခဲ့ပါသည်။