Month: ဇွန် 2018

မွန်ပြည်ပြည်နယ်၊ မော်လမြိုင်မြို့ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းမှု

မွန်ပြည်ပြည်နယ်၊ မော်လမြိုင်မြို့ ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်လှူဒါန်းမှု

(၁၈.၆.၂၀၁၈)နေ့တွင် မွန်ပြည်နယ် MWCDFအသင်းမှ အဖွဲ့ဝင်များသည် မော်လမြိုင်မြို့လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူ(၉၂၀)ဦးအတွက် ခေါက်ဆွဲခြောက်များ၊ ပူတင်းပေါင်မုန့်များ၊ ရေသန့့်ဘူးများ စုစုပေါင်းတန်ဘိုး-(၁၂၀,၅၀၀)ကျပ်အား ပြည်နယ် MMCWA၊ MWAF အသင်းတို့နှင့်ပူးပေါင်း၍ လှူဒါန်းခဲ့ကြပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၁.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ မှထွက်ခွာလာပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ပါသည်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Southern Football Club အစည်းအဝေးခန်းမတွင် စုဖွဲ့ထားသော အသင်းအဖွဲ့ဝင်များ စုစုပေါင်း(၁၉)ဦးနှင့်တွေ့ဆုံခဲ့ပြီး တက်ရောက်လာသူများနှင့် တစ်ဦးချင်းမိတ်ဆက်စကားပြောကြားပြီး အသင်းဥက္ကဋ္ဌ မှ အသင်းဖွဲ့စည်းခြင်းအကြောင်း၊ အမျိုးသမီးများနှင့်ကလေးများ၏ ဘဝများကိုထိရောက်စွာ အကူအညီပေးနိုင်ရန် ယခုလိုပြည်နယ်အဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ မြို့နယ်/ကျေးရွာအဆင့်ထိ ဆက်လက်ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ အမျိုးသမီးနှင့်ကလေးများအတွက် စုပေါင်းပြီး လိုအပ်သောကွက်လပ်များ ဖြည့်ဆည်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်း၏

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် MWCDFအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ကွင်းဆင်းသွားရောက်လှူဒါန်းမှု

MWCDFအသင်းမှ ဥက္ကဋ္ဌနှင့်CECများသည် (၁၀.၆.၂၀၁၈)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့ သွားရောက်ခဲ့ပါသည်။ ဘားအံမြို့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရန်အတွက် စုဖွဲ့ထားသော အမျိုးသမီး အဖွဲ့ဝင်(၂၄)ဦးနှင့် ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ် အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့၍ တက်ရောက်လာသူများနှင့် မိတ်ဆက်ပြီး အသင်းဥက္ကဋ္ဌမှ အသင်းအကြောင်းရှင်းလင်းပြောကြားခြင်း၊ အသင်းဖွဲ့စည်းတည်ထောင်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းရာတွင် ယခုလည်း တိုင်း/ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများအထိ လက်တွေ့ကျကျကွင်းဆင်းဆောင်ရွက်နိုင်ရန် ပြည်နယ် MWCDF အသင်းကို ဖွဲ့စည်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ထပ်မံ၍ အသင်း၏ တွဲဘက်အတွင်းရေးမှူးများနှင့် CECများမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသင်း

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ကုသခြင်းနှင့်အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် MWCDF အဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စမ်းသပ်ကုသခြင်းနှင့်အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် MWCDF အဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

(၁၉.၅.၂၀၁၈)မှ(၂၀.၅.၂၀၁၈)ရက်နေ့အထိ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲနှင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ကုသခြင်းနင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားတွင် လားရှိုး MWCDF အသင်းအဖွဲ့ဝင်များမှ အလှူငွေ-(၂၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ သူနာပြုများနှင့်သားဖွားဆရာမများနေ့အခမ်းအနားတွင် MWCDFအဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

အပြည်ပြည်ဆိုင်ရာ သူနာပြုများနှင့်သားဖွားဆရာမများနေ့အခမ်းအနားတွင် MWCDFအဖွဲ့ဝင်များမှ အလှူငွေလှူဒါန်းခြင်း

(၁၁.၅.၂၀၁၈)နေ့တွင် အပြည်ပြည်ဆိုင်ရာသူနာပြုများနှင့် သားဖွားဆရာမများနေ့ ၂၀၁၈ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လာရှိုးမြို့ သူနာပြုကျောင်းခန်းမတွင်ကျင်းပရာ MWCDFအသင်းအဖွဲ့ဝင်များမှ သက်ကြီးသူနာပြုများနှင့် သားဖွားဆရာမများအတွက် အလှူငွေ-(၁၀၀,၀၀၀)ကျပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အခမဲ့သွားစမ်းသပ်စစ်ဆေးကုသခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘာသာမရွေးလူမှုကူညီမှုအသင်းတွင် MWCDFအသင်းအဖွဲ့ဝင်များမှ ထိုင်ဝမ်မှ ပရဟိတသွားဆရာဝန်များအဖွဲ့(TOCA)နှင့် လားရှိုးမြို့ လူမှုအသင်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သော အခမဲ့သွားစမ်းသပ်စစ်ဆေးကုသပေးခြင်းအား (၈.၅.၂၀၁၈)မှ(၉.၅.၂၀၁၈)ရက်နေ့အထိ (၂)ရက်တိတိ ဆောင်ရွက်ခဲ့ပါသည်။