သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း

 

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း

၁။မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် CEC အဖွဲ့ဝင်များသည် (၁၈.၈.၂၀၁၆)နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပါရမီရိပ်သာရှိ ရေဘေးကယ်ဆယ်ရေး စခန်းသို့သွားရောက်ခဲ့ပါသည်။
၂။ အသင်းအနေဖြင့် သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျေးရွာများရှိ ပြည်သူများအားအမှန်တကယ် လိုအပ် လျှက်ရှိသော စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ပေးရန်၊ နှစ်သိမ့်ဆွေးနွေးရန်နှင့် ထောက်ပ့ံကူညီလှူဒါန်းရန်နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မည့်အချိန်တွင်လည်း ကျန်းမာရေး၊ လူမှုရေး၊ စီမံဆောင်ရွက်ချက်များ အားချိတ်ဆက်၍ ပိုမိုထိရောက်သော ကူညီလှူဒါန်းမှုများဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းခဲ့ပါသည်။
၃။ ပခုက္ကူမြို့နယ်သည် ရေဘေးသင့်ခဲ့မှုမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) ရေဘေးသင့်ခဲ့သောကျေးရွာ – (၈၈)ရွာ
(ခ) ရေဘေးသင့်ခဲ့သောအိမ်ခြေ – (၉,၅၂၄)အိမ်
(ဂ) ရေဘေးသင့်ခဲ့သောအိမ်ထောင်စု – (၁၀,၆၆၇)စု
(ဃ) ရေဘေးသင့်ခဲ့သောလူဦးရေ – (၄၈,၄၇၆)ဦး
၄။ အထက်ပါကျေးရွာများမှ ပါရမီရိပ်သာရှိ ရေဘေးသင့်ခဲ့သောကျေးရွာမှာ အနောက်မင်းကျွန်း ကျေးရွာဖြစ်၍ အိမ်ခြေ(၁၃၁)အိမ်မှ အိမ်ခြေ(၆၈)အိမ်ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ(၂၀၀)ခန့်ရှိသော ကယ်ဆယ်ရေးစခန်း တစ်ခု ဖြစ်ပါသည်။ ၎င်းကျေးရွာသည် ရေတိုက်စားမှုကြောင့် ကျေးရွာမရှိတော့ဘဲ ဧရာဝတီမြစ်၏သောင်ပေါ်ကျွန်းနေရာတွင် ပြန်လည်တည်ဆောက်ထားသော ကျေးရွာဖြစ်ပါသည်။ ရေနစ်မြုပ်ခြင်းဘေးဒဏ်အား ၂၀၁၅/၂၀၁၆ခုနှစ်တွင်သာခံစား ရသောကျေးရွာဖြစ်ပါသည်။ ကျေးရွာတွင် သွပ်မိုး၊ ပျဉ်ထောင်အိမ်အနည်းငယ်သာရှိပြီး ကျန်အိမ်များမှာ ၀ါး၊ ကျူထရံ၊ သက်ကယ်မိုးများသာဖြစ်၍ မြစ်ရေတက်လာချိန်တွင် ကာကွယ်ပေးနိုင်မှုမရှိဘဲ ပျက်စီးခဲ့ရပါသည်။
၅။ သက်မွေးဝမ်းကျောင်းမှုအနေဖြင့် ပဲစိုက်ပျိုးခြင်း၊ ပန်းရံ၊ လက်သမား၊ ကြုံရာကျဘမ်းလုပ်ကိုင်၍ စားဝတ်နေရေး ဖြေရှင်းနေရပြီး ရေနစ်မြုပ်ချိန်တွင် အလှူရှင်များမှလှူဒါန်းထောက်ပံ့သော အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်များဖြင့် စားသောက်နေထိုင်ရပါသည်။
၆။ ကျေးရွာတွင်ရေနစ်မြုပ်ခဲ့သောအိမ်များမှာ အားလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး မြစ်ရေပြန်လည်ကျဆင်းသွားချိန် တွင် ပြန်လည်အသစ်တည်ဆောက်ရမည်ဖြစ်၍ ငွေကြေးခက်ခဲမှုရှိကြောင်းသိရှိရပါသည်။
၇။ အနောက်မင်းကျွန်းကျေးရွာတွင် သက်ကြီးရွယ်အိုအဖိုးအဖွား(၂၀)ဦး၊ မသန်စွမ်းလူကြီး/ ကလေး(၄၀)ဦးခန့်ရှိ၍ မြစ်ရေတက်ရောက်လာချိန်တွင် ကြိုတင်ပြောင်းရွှေ့ထားခဲ့ရပါသည်။
၈။ အစိုးရမူလတန်းကျောင်းရှိပြီး ရေနစ်မြုပ်ခဲ့သောကြောင့် စာသင်ကျောင်းပိတ်ထားရပြီး ကျန်းမာရေးဆေးခန်းမရှိ ဘဲ သားဖွားဆရာမ(၁)ဦးသာရှိပါသည်။ အလယ်တန်းအဆင့်အားအနီးအနားရှိ ကျွန်းညိုကျေးရွာ၊ အထက်တန်းအဆင့် အားမြို့ပေါ်သို့နေစဉ်သွားပြန် တက်ရောက်စာပေသင်ကြားရ၍ ကျောင်းသား/သူကလေးများ လွန်စွာဒုက္ခရောက်ရပါ သည်။
၉။ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌမှ ရေဘေးသင့်ပြည်သူများ အားဦးစွာနှစ်သိမ့်အားပေးစကားပြောကြားပေးခဲ့ပြီး ကျေးရွာသူ/သားများအား ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ CECများမှ ခင်မင်ရင်းနှီး စွာဖြင့်ဝိုင်းဖွဲ့ကာ နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်း၊ ၎င်းတို့၏ရင်ဖွင့်စကားသံများ၊ အခက်အခဲများနှင့် လိုအပ်သောအကူအညီများအား ဂရုတစိုက်နားထောင်ပေးခြင်း များဆောင်ရွက်ပေးခဲ့ပါသည်။ အလားတူ လူမှုဝန်ထမ်းဦး စီးဌာနနှင့် ပခုက္ကူတက္ကသိုလ်မှ ဆရာ၊ဆရာမများ၊ ကျောင်းသူ၊ကျောင်းသားများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါသည်။
၁၀။ အသင်းဥက္ကဋ္ဌနှင့်အဖွဲဲ့ဝင်များသည် ကျေးရွာအိမ်ထောင်စု(၆၈)အိမ်အား အလှူငွေ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ခေါက်ဆွဲခြောက်များ၊Fedwell အစာခြောက်များ၊ ဗလာစာအုပ်များ၊ ဗမာဆေးများ၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဆပ်ပြာမှုန့်၊ ကော်ဖီမစ်၊ ကွေကာအုပ်၊ အကျႌများစုစုပေါင်း-(၃,၅၉၉,၄၂၀)ကျပ်ဘိုးပေးအပ်လှူဒါန်းခဲ့ပါသည်။
၁၁။ အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲဲ့ဝင်များသည် ပခုက္ကူမြို့ပေါ်ရှိ တိလောကာရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေ(၆၁၀,၀၀၀)ကျပ်နှင့် သင်္ကန်း၊ ဆန်၊ ဆီ၊ ဆေးဝါး၊ Fedwell အစာ ခြောက်များ၊ ဆပ်ပြာ၊ ဆိုလာမီးအိမ်(၁၀)လုံးနှင့် အခြားပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ၎င်းစာသင်တိုက်တွင် ဖွင့်လှစ် သင်ကြားသော(ဘ.က)ကျောင်းအတွက် ဗလာစာအုပ်(၁၆၇) ဒါဇင်၊ ကျောင်းဝတ်စုံ(၂၈၁)စုံ၊ ကလေးထီး(၅၀)လက်၊ စုစုပေါင်းတန်ဘိုး- (၁,၃၆၀,၄၀၀) ကျပ်ဘိုးလှူဒါန်းခဲ့ပါသည်။
၁၂။ အနောက်မင်းကျွန်းကျေးရွာ၏ ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများမှပြောကြားသော အခက်အခဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကျေးရွာသို့ သိမ်ကုန်းရွာ၊ ကျွန်းညိုရွာလမ်းမှ မင်းကျွန်းရွာသို့သွားလာရသောလမ်းအား ပြုပြင်ပေးနိုင်ပါ
ရန်၊
(ခ) ရေဘေးသင့်ခဲ့သော ကျေးရွာနေအိမ်များပြုပြင်ရာတွင် ထောက်ပံ့ပေးနိုင်ပါရန်၊
(ဂ) ကျေးရွာရှိမသန်စွမ်း(၄၀)ဦး၏ စားဝတ်နေရေးအခက်အခဲအား ကြည့်ရှုစောင့်ရှောက်ပေးရန်၊
(ဃ) ကျေးရွာဆေးပေးခန်းနှင့် သူနာပြုဆရာမ(၁)ဦးထားရှိပေးရန်၊
(င) ဧရာဝတီမြစ်၏ သောင်ခုံများပေါ်တွင် မြေငှားနေထိုင်နေရ၍ များစွာအခက်အခဲဖြစ်သည့်အတွက်
ကျေးရွာအတွက်မြေနေရာ ပြန်လည်ချထားပေးနိုင်ပါရန်။

၁၃။ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအနေဖြင့် ပခုက္ကူရေဘေး ကယ်ဆယ် ရေးသို့သွားရောက်ကူညီလှူဒါန်းမှုနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှု၊ နှစ်သိမ့်ဆွေးနွေးမှုများအားတင်ပြ အစီရင်ခံအပ်ပါသည်။

 

သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်း
သဘာဝဘေးအန္တရာယ်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသများသို့သွားရောက်၍ ကူညီစောင့်ရှောက်လှူဒါန်းခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှုနှင့်နှစ်သိမ့်ဆွေးနွေးခြင်း
Tagged on:         

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: