Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း

နေပြည်တော်၊ ရုံးချုပ်၌ ဖေဖော်ဝါရီလ(၂၃)ရက် မှ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ထိ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ Good Treatment Program (မေတ္တာကမ္ဘာပျိုးထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှု ဆိုင်ရာ)သင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် CECများ၊ သင်ကြားပေးမည့် အဖွဲ့ဝင် ဆရာမများ၊ ပြည်နယ်/တိုင်း အသီးသီးမှ အဖွဲ့ဝင်(၃၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေး အသင်း ဥက္ကဌ ဒေါက်တာဒေါ်ဝေဝေသာမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် သင်တန်းဖွင့် လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်း၊ သင်တန်းတွင် သင်ကြားပေးမည့် အသင်း CEC ဒေါက်တာရေဘက်ကာထင်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း နှင့် မှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းအား စတင်သင်ကြားခဲ့ပါသည်။
သင်ကြားမှု ပထမနေ့တွင် အလုပ်အမှုဆောင် ဒေါက်တာရေဘက်ကာထင်မှ ကောင်းမွန်စွာ ဆက်ဆံခြင်းမှသည် ပြောင်းလဲမှုတစ်ရပ်ဆီသို့ ရည်မျှော်လျက် Good Treatment Program (မေတ္တာကမ္ဘာပျိုးထောင်ရာ)အကြောင်းအား အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း-
၁။ကလေးများ၏လူမှုဝန်းကျင်တွင် နွေးထွေးလုံခြုံသောပေါင်းသင်းဆက်ဆံမှုများ ထွန်းကားလာစေရန်
၂။ကလေးများ၏ရင်တွင်းဖြစ်ပေါ်တတ်သည့်ခံစားချက်၊အတွေးအမြင်များကို သိရှိနားလည်လာခြင်းအားဖြင့် လမ်းမှန်ကိုအားပေးပြုပြင် ထိန်းကျောင်းပေးနိုင်ရန်
၃။ကလေးများသည် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းအပါအဝင် လူသားအားလုံးကို လေးစားတန်ဘိုးထားတတ်ရန်
၄။ကလေးများသည်မိမိသင်ယူ တွေ့မြင်ဖြတ်သန်းရသည့်အကြောင်းအရာများမှ မှန်ကန်ကောင်းမွန်သောအရာများကို နားလည်တန်ဘိုးထားလုပ်ဆောင်တတ်ရန်
၅။ ကလေးများသည်မိမိတို့လိုက်နာလုပ်ဆောင်ရမည့် တာဝန်များကိုသိရှိနားလည်ပြီး မိမိ၏ပတ်ဝန်းကျင်တွင်ဖြစ်တတ်သော သဘောထားမတိုက်ဆိုင်မှု ပဋိပက္ခများကိုဖြေရှင်းတတ်ရန်
စသည့်အကြောင်းအရာများ ဆွေးနွေးခြင်းနှင့် သင်တန်းအား စာတွေ့လက်တွေ့ သင်ကြားပို့ချခြင်း၊ အဖွဲ့လိုက်စကားဝိုင်းများဖြင့် ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
သင်ကြားမှု ဒုတိယနေ့တွင် Leadership Development Program(ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်းကို အဖွဲ့ဝင် ဒေါ်နန်းင်္သီမြှင့်မှ လူ့ဘောင်အတွင်း Communication ဆက်ဆံရေးနယ်ပယ်အကြောင်း သိရှိနားလည်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ဖွံ့ဖြိုးလာပြီး မိမိ၏စွမ်းဆောင်နိုင်မှုအရည်အချင်းမှသည် မိသားစုဘဝ တိုးတက်အောင်မြင်လာစေခြင်း နိုင်ငံအကျိုးပိုမိုဆောင်လာနိုင်စေခြင်းစသည့် အသိအမြင်များရရှိရန် ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ပြည်နယ်/တိုင်းများတွင် Good Treatment Program (မေတ္တာကမ္ဘာပျိုထောင်ရာ) သင်တန်း များပြုလုပ်နိုင်ရန်အတွက် ပြည်နယ်/တိုင်း တစ်ခုလျှင်(၂)သိန်းကျပ်နှုန်ဖြင့် ပေးအပ်ရာ ပြည်နယ်/တိုင်း အဖွဲ့ဝင်ကိုယ်စားလှယ်များ အသီးသီးလက်ခံရယူခဲ့ကြပြီး သင်တန်းအား အောင်မြင့်စွာ ကျင်းပခဲ့ ပါသည်။

နှစ်ရက်တာ သင်တန်းကို ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာသော သင်တန်းသား (၃၄)ဦးသည် စိတ်ပါဝင်စားစွာလေ့လာသင်ယူခဲ့ကြသည်မို့ အသင်းရဲ့ရည်မှန်းချက်များအကောင်ထည်ဖော်ဆောင်ရွက်ရန် သင်တန်းပေးခြင်းအကျိုးများရရှိနိုင်မည်ဟု မျှော်လင့်ယုံကြည်လျက်-
“ ကောင်းမွန်သောလူ့အဖွဲအစည်းတစ်ရပ်ဖြစ်လာစေဖို့ လူကောင်းလူတော်များဖြစ်ဖို့ရန်…
မိသားစု အတွင်း နွေးထွေးစွာ ပြောဆိုဆက်ဆံခြင်းမှ ယဉ်ကျေးလိမ္မာသော
အမှားအမှန်ပိုင်းခြားသိမြင်နိုင်သော
အကောင်းအဆိုးခြွဲခားသိမြင်နိုင်သော
သားကောင်းရတနာများဖြစ်စေရန်….
ငြိမ်းချမ်းသောကမ္ဘာမြေဖြစ်စေရန်….
မျှော်လင့်ချက်များဖြင့်
တို့ချစ်တဲ့ကမ္ဘာ မြေတည်ဆောက်ကြပါစို့ ”

Good Treatment Program (မေတ္တာကမ္ဘာပျို:ထောင်ရာ)နှင့် Leadership Development Program (ခေါင်းဆောင်မှုဆိုင်ရာ)သင်တန်း ဖွင့်လှစ်ခြင်း
%d bloggers like this: