Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း

(၁၂.၁.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင် အမျိုးသမီးအဖွဲ့အစည်းများအတွက် Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက် နေ့နှင့် (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ ခေတ္တဥက္ကဌ ဒေါ်သူဇာဝေနှင့် အတွင်းရေးမှူး ဒေါ်မေမြင့်မောင်တို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ သင်တန်းကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ MWCDF အသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် နေပြည်တော်ရုံးအဖွဲ့ စုစုပေါင်း သင်တန်းသား/သူ(၇)ဦး တက်ရောက်ခဲ့ပါသည်။

Gender, CEDAW, NSPAW, UNSCR-1325 Online အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား နှင့် သင်တန်းတက်ရောက်ခြင်း
%d bloggers like this: