Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း

မြန်မာနိုင်ငံမျက်မမြင်အသင်း(ရန်ကုန်)မှ မကွေးတိုင်းအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ မြို့သစ်၊ နတ်မောက်မြို့နယ်များရှိ မျက်မမြင်(၁၇)ဦး၊ မျက်မမြင်အကူ(၁၂)ဦးအား မကွေးမြို့၊ အဝေရာသုခကျောင်းတိုက်၌ (၄.၅.၂၀၂၂ မှ ၇.၅.၂၀၂၂) ရက်နေ့အထိ (၄)ရက်တိုင်တိုင် လာရောက်သင်ကြားပို့ချသော “Orientation and Mobility (O&M) Training” (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာသင်တန်း)တွင် မကွေးတိုင်း MWCDF အသင်းဥက္ကဌမှ မျက်မမြင်အကူအဖြစ် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ အဖွဲ့ဝင်အသင်းသူများမှ သင်တန်းတတိယနေ့၊ နေ့လည်ပိုင်းတွင် ပါဝင်ကြပြီး နေ့လည်စာ အချိုရည်၊ မုန့်၊ ရေသန့်ဘူးများ ဝေငှလှူဒါန်းပေးခဲ့ပါသည်။ 

Orientation and Mobility Training (ပတ်ဝန်းကျင်ကိုလေ့လာခြင်းနှင့် သွားလာလှုပ်ရှားမှုဆိုင်ရာ သင်တန်းတွင် ပါဝင်ကူညီလှူဒါန်းခြင်း
%d bloggers like this: