MWCDFအသင်းမှ သားဖွားမီးယပ်ဆေးရုံ အမျိုးသမီးလူနာများအတွက်တန်ဖိုးသင့် အာဟာရဒါန

MWCDFအသင်းမှ အမျိုးသမီးများစောင့်ရှောက် ထောက်ပံ့မှုအစီအစဉ်အနေဖြင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ဆေးရုံ တက်ရောက် ကုသနေသော သားဖွားမီးယပ်လူနာများ အား စဉ်ဆက်မပြတ် တစ်နေ့လျှင် အာဟာရ(၃)ကြိမ် ကျွေးမွေးလျှက် ရှိပါသည်။

စေတနာရှင်များမှ လှူဒါန်းထားသော လှူဒါန်းငွေ များဖြင့်နေ့စဉ် ‎၁၁-၆-၂၀၁၇ ရက်နေ့မှစပြီးကျွေးမွေးလျှက်ရှိပါသည်။
ဆေးရုံ၏မှတ်တမ်းအရ နေ့စဉ်ပျဉ်းမျှ သားဖွား မီးယပ်လူနာ(၈၀)ဦးမှ(၁၀၀)ဦးခန့် ရှိတတ်ကြောင်းသိရှိ ရပါသည်။

အကြမ်းဖျဉ်းတွက်ချက်မှုအရ-

* မနက်စာ – ကွေကာအုပ်
* နေ့လည် – ထမင်းဆီဆမ်း၊ ငါးကြော်နှင့်ဟင်းခါး
* ညနေ – ကြက်သားဆန်ပြုတ်

တစ်နေ့(၃)ကြိမ် ကျွေးမွေးကုန်ကျစရိတ်မှာ တစ်ဦးလျှင် (၁၀၀၀)ကျပ်ဖြစ်ပါသည်။

စုစုပေါင်းလူနာ(၁၀၀)အတွက် တစ်နေကုန် အာဟာရအတွက် ကုန်ကျငွေမှာ-(၁)သိန်းကျပ် ဖြစ်ပါ သည်။
သို့ပါသောကြောင့် စေတနာရှင် အပေါင်း ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ပါရန် အကျိုးမျှော်ကာ
နိုးဆော်လိုက်ပါသည်။ ထမင်း၊ ဟင်းများကိုလည်း ကိုယ်တိုင်ကိုယ်ကျဝေငှ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းလိုသူများအနေဖြင့်- MWCDF အသင်း အမှုဆောင်အဖွဲ့ဝင် ဦးတင့်လွင်+ဒေါ်စန်းစန်းမြင့်
ဖုန်း- ‎၀၉-၂၅၆၀၂၇၇၅၅/ ‎၀၉- ၂၅၆၀၂၇၇၄၄
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။