လူမှုရေး

ကျေးလက်ဒေသများဖွံ့ဖြိုးမှုဆောင်ရွက်ရာတွင် ကျေးရွာများတွင်မီးရရှိရေးနှင့် ရေရရှိရေးသည်အဓိက ဖြစ်ပါသည်။

အသင်းအနေဖြင့်ကျေးရွာမီးရရှိရေးတွင် ဆိုလာနည်းဖြင့် Barefoot Collage နှင့်ချိတ်ဆက်၍ လမ်းပန်းဆက်သွယ်ရေးလွန်စွာခက်ခဲပြီးဝေးလံသောဒေသများ၊ ငြိမ်းချမ်းရေးရရှိပြီး ပြန်လည်ထူထောင်လာ သောကျေးရွာများမှ အသက်(၄၅)နှစ်အထက် အမျိုးသမီးကြီးများအား ကျေးရွာတစ်ရွာလျှင်(၂)ဦးနှုန်းဖြင့် MWCDFအသင်းမှရွေးချယ်စီစစ်၍ အိန္ဒိယနိုင်ငံBarefoot Collageတွင် သင်တန်း(၆)လတက်ရောက်စေပြီး ၎င်းတို့ကျေးရွာများတွင် Barefoot Collage မှလှူဒါန်းသောဆိုလာများတပ်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန်လည် ပြုပြင်ပေးခြင်းများဆောင်ရွက်စေပါသည်။

အသင်းမှဆောင်ရွက်ပေးမှုကြောင့် ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၆၂၇) လုံးအားမီးလင်းရေးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိကျေးရွာများ၊
  • ပဲခူးတိုင်း၊ကျောက်ကြီး မြို့နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိကျေးရွာများ၊
  • ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ် အတွင်းရှိကျေးရွာများ၊
  • မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိကျေးရွာများ၊
  • တနသာင်္ရီတိုင်း၊ ကျွန်းစု မြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံ အမျိုးသမီးကြီးများကို  အိန္ဒိယနိုင်ငံ Barefoot Collage နှင့်ဆက်သွယ်၍သင်တန်းတက် ရောက်စေပြီး ကျေးရွာများတွင် ကျေးလက်ဖွံ့ဖြိုးရေးအတွက် မီးလင်းရေးဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

Read More

13423931_10208336001190777_4040567787729905853_n

 

DSC00339

ကျေးရွာရေရရှိရေးအနေဖြင့် ရေလုံးဝရှားပါး၍သောက်သုံးရန်အခက်အခဲရှိနေသော ကျေးရွာများအား ဦးစားပေး၍ ကျေးရွာ(၈)ရွာအား စက်ရေတွင်း၊ သောက်သုံးရေကန်၊ ရေပိုက်သွယ်တန်းပေးခြင်း၊ ရေတင်စက် များလှူဒါန်းဆောင် ရွက်ပေးခဲ့ပါသည်။

မန္တလေးတိုင်း၊

  • မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အတွင်းရှိမဟာမြိုင်ကျေးရွာ၊ ဇေယျာသုခ(အရှေ့)ကျေးရွာ၊ ပဒတ်စာကုန်းကျေးရွာ၊ နတ်စောင့်ကျေးရွာ၊
  • မိတ္ထီလာမြို့နယ်အတွင်းရှိ သဲတောလေးကျေးရွာ များအား ရေသွယ်တန်းပေးခြင်း၊ ရေကန်များဆောက်လုပ်ပေးခြင်း၊ ရေတင်စက်များလှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

နေပြည်တော်

  • တပ်ကုန်းမြို့နယ်အတွင်းရှိ စိန်ပန်းခိုင်ကျေးရွာများသို့ အဝီစိတွင်း၊ ရေကန်၊ ရေတင်စက်တို့အားလှူဒါန်းခဲ့ပါသည်။

 

မွန်ပြည်နယ်

  • ကျိုက်ထိုမြို့နယ်အတွင်းရှိ သဝေါသော(ရွာသစ်)ကျေးရွာ၊

ကယားပြည်နယ်

  • ရှားတောမြို့နယ်အတွင်းရှိကျေးရွာ၊ များသို့လည်း ရေလှူဒါန်း ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။

 

DSC01184

 

ရေဘေးကူညီလှူဒါန်းမှု

 

၂၀၁၅ခုနှစ်

ရေဘေးအန္တရာယ်ဆိုးဝါးဆုံးခံစားခဲ့ရသော စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းအတွင်း ၂၀၁၄-၂၀၁၅ခုနှစ်များတွင် ရေဘေးအန္တရယ်ဆိုးဝါးစွာ ခံစားခဲ့ရသဖြင့်အသင်းမှငွေကြေး၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အထည်များအား ကူညီထောက်ပံ့ပေးခဲ့ပါ သည်။

၂၀၁၆ခုနှစ်တွင်လည်း ဆက်လက်ကူညီထောက်ပံ့မှုများဆောင်ရွက်လျှက်ရှိပါသည်။

 

ချင်းပြည်နယ်

  • တွန်းဇံမြို့၊ ဟားခါးလေးကျေးရွာ၊ ခိုင်ကမ်းကျေးရွာများ၊

စစ်ကိုင်းတိုင်း

  • ကလေးမြို့နယ်အတွင်းရှိ ရေလည်ဦးရွာ၊ ပေါက်ခုံရွာ၊ များသို့ သွား ရောက် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။ 

မကွေးတိုင်း

  • ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊

ပဲခူးတိုင်း

  • တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်အတွင်း ရှိ အိုးဘိုကျေးရွာ၊ ကွမ်ပေါင်ကျေးရွာသို့ ရေဘေးကယ်ဆယ်ရေးအားလှူဒါန်းနိုင်ခဲ့ပါသည်။
DSC00744
ချင်းပြည်နယ် တွင်းရှိ ရေဘေးသင့်ဒေသများသို့သွားရောက်လှူဒါန်းထောက်ပံ့ခြင်း

 

မီးဘေးကူညီလှူဒါန်းမှု

အသင်းအနေဖြင့်မီးဘေးကယ်ဆယ်ရေး၊ မြေပြိုမှုကယ်ဆယ်ရေးများလည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ကူညီထောက်ပံ့ပေးခြင်း၊ နှစ်သိမ့်ဆွေး နွေးအားပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်း

  • လပ္ပတ္တာမြို့နယ်၊

ပဲခူးတိုင်း

  • တောင်ငူမြို့နယ်၊

ရန်ကုန် တိုင်း

  • ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဘလုတ်ညွန့်ရွာများသို့ ကယ်ဆယ်ရေးပစ္စည်းများလှူ ဒါန်းခဲ့ပါသည်

မြေပြိုမှုကယ်ဆယ်ရေးကူညီလှူဒါန်းမှု

ကယားပြည်နယ်၊ မော်ချီးဒေသမြေပြိုမှုနှင့်

ချင်းပြည် နယ်၊ တွန်းဇံမြို့နယ်၊ ဟားခါးလေးကျေးရွာ၊ တွီခိန်ဇံကျေးရွာများသို့ ကယ်ဆယ်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

မသန်စွမ်းကူညီထောက်ပံ့ခြင်း

  • နေပြည်တော်၊ မအူလေးပင်ကျေးရွာရှိ မသန်စွမ်းအမျိုးသမီးများကိုကူညီထောက်ပံ့ခြင်း

img_0458

 

 

Before We Repair
After Repair

 

 

 

 

 

 

 

  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အေးမေတ္တာမသန်စွမ်းရိပ်မြုံတို့အား လစဉ်ကူညီထောက်ပံ့ပေးခဲ့ပါ သည်။
img_1528
အေးမေတ္တာမသန်စွမ်းရိပ်မြုံ

ကျောင်း/စာကြည့်တိုက်များဆောက်လုပ်လှူဒါန်းမှု

women's dormitories  1

နေပြည်တော်

  • တပ်ကုန်းမြို့နယ်၊ စိန်ပန်းခိုင် ကျေးရွာ(ဘ.က)ကျောင်း၊
  • ဥတ္တရသီရိမြို့နယ်၊ ရတနာစံပြ(ဘ.က)ကျောင်း၊
  • ပုပ္ဗသီရိမြို့နယ်၊ အေး မေတ္တာစံ(ဘ.က)ကျောင်းများတွင် စာသင်ကျောင်းနှင့်အိပ်ဆောင်များ ဆောက်လုပ်လှူဒါန်းခြင်း၊
  • ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာ စာကြည့် တိုက်ဆောက်လုပ်လှူဒါန်းခြင်း

မွန်ပြည်နယ်

  • ကျိုက်ထိုမြို့နယ်၊ ရွာသစ်ကျေးရွာ၊

ပဲခူးတိုင်း

  • ကျောက်ကြီးမြို့နယ်၊ စပ်လဲကျေးရွာများ တွင်မူကြိုကျောင်းများဆောက်လုပ်လှူဒါန်းခြင်း များ ဆောင်ရွက်ပေးခဲ့ပါသည်။

အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းဆောင်ရွက်ပေးမှု

ဝေးလံသောဒေသများ၊ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများရှိ ကျေးရွာသူ/သား၊ ဒုက္ခသည်များရှိ အမျိုး သမီးများအတွက်အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် မွေးမြူရေးလုပ်ငန်းများ၊ စက်ချုပ်လုပ်ငန်းများလည်း အသင်းမှနေရာဒေသအသီးသီးတွင် ဆောင်ရွက်ပေးခဲ့ပါသည်။

နေပြည်တော်

  • ဥတ္တရသီရိမြို့နယ်၊ မအူလေးပင်ကျေးရွာရှိ အမျိုးသမီးစက်ချုပ်လုပ်ငန်းများ၊

ကရင်ပြည်နယ်

  • နားခူးမြို့နယ်အတွင်းရှိထော့ကော် ကိုးကျေးရွာတွင် စစ်ဘေးရှောင်ဒုက္ခသည်များအား မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ကြက်၊ ဆိတ်၊ နွား လှူဒါန်းခြင်း

မွန်ပြည်နယ်

  • ကျိုက်ထိုမြို့နယ်အတွင်းရှိ အမျိုးသမီးများအတွက်အပ်ချုပ်စက်များ၊လှူဒါန်းခြင်း

ကယားပြည်နယ်

  • ရှားတောမြို့နယ်အတွင်းစက်ချုပ်သင်တန်းများဖွင့်လှစ်ပေးခြင်း

 

မန္တလေးတိုင်း

  • မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မဟာမြိုင် ကျေးရွာအမျိုးသမီးများအတွက် အပ်ချုပ်စက်များ၊ အထည်များလှူဒါန်းပေးခဲ့ပါသည်။

လူမှုရေး