သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း

(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
Myanmar Women and Children Development Foundation
(၁၇.၁၂.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးသင်တန်းကျောင်း၌ မန္တလေးတိုင်း MWCDF အသင်းမှ ဆပ်ပြာဆီနှင့် ဆပ်ပြာခဲပြုလုပ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
(၁၅.၁၂.၂၀၂၃)ရက်နေ့တွင် နေပြည်တော်တိုင်း MWCDF အသင်းမှ ဥက္ကဌနှင့် အဖွဲ့ဝင် (၅)တို့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(၁၅.၁၂.၂၀၂၃)ရက်နေ့တွင် ကရင်ပြည်နယ် MWCDF အသင်းမှ ဘားအံပြည်သူ့ဆေးရုံတွင် စစ်ဘေးကြောင့် ဆေးကုသခံယူနေသော သံဃာတော် (၁၅)ပါး ကျန်းမာရေးစစ်ဆေးမှုအတွက် ဝတ္ထုငွေ လှူဒါန်းခြင်း၊ စစ်ဘေးရှောင်စခန်းမှ ပြည်သူ့ဆေးရုံတွင် တက်ရောက်မီးဖွားနေသော မွေးလူနာတစ်ဦးအား အလှူငွေ ထောက်ပံ့လှူဒါန်းခြင်း၊ တောင်ကလေးစစ်ဆေးရုံတွင် ဆေးကုသခံယူနေသော စစ်ဘေးသင့် သံဃာတော်(၁)ပါးနှင့် စစ်ဘေးသင့်ပြည်သူ အမျိုးသား/သမီးပေါင်း (၈)ဦးတို့အား ထောက်ပံ့ငွေများ လှူဒါန်းခဲ့ပါသည်။
(၁၂.၁၂.၂၀၂၃)ရက်နေ့တွင် ကချင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု (OROP)အတွက် အထောက်အကူဖြစ်စေရန် (MSME) လုပ်ငန်းရှင်များပံ့ပိုးကူညီနိုင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ ကချင်ပြည်နယ် MWCDF အသင်းမှ ဥက္ကဌ တက်ရောက်ခဲ့ပါသည်။
(၁၃.၁၂.၂၀၂၃)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၅၀၀)ဆံ့ သားဖွားမီးယပ်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများ နေ့လည်စာအာဟာရအတွက် ထမင်း၊ ကြက်သားဟင်း၊ ချဉ်ရည်ဟင်းတို့ကို အလှူရှင်မိသားစုများမှ ကိုယ်တိုင်သွားရောက်ပေးဝေလှူဒါန်းခဲ့ပါသည်။
(၁၃.၁၂.၂၀၂၃)ရက်နေ့မှ (၁၅.၁၂.၂၀၂၃)ရက်နေ့အထိ ပဲခူးတိုင်း MWCDF အသင်းမှ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ပို့ချသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့ပါသည်။