Education

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

၁၀. ၂.၂၀၁၇ MWCDF အသင်းမှ CECများနှင့်အဖွဲ့ဝင်များသည် “ မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ်အနေဖြင့် ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/သူများအား အာဟာရအဖြစ် ခေါက်ဆွဲကြော်ကျွေးမွေးခဲ့ပါသည်။ ထို့နောက် အသင်းမှ CEC ဒေါ်မေမြင့်မောင်မှလည်း ကျန်းမာရေးနှင့်ပတ်သက်၍သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲ” အခမ်းအနားသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ “ မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲ”  အခမ်းအနားသို့ တက်ရောက်ခြင်း

၁၀. ၂. ၂၀၁၇ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော “ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်” မူလတန်းကြိုကလေးများ ကာယဉာဏ ဘက်စုံစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို MWCDFအသင်းမှဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တက်ရောက်ခဲ့ပါသည်။