Month: ဇွန် 2016

အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များနေပြည်တော် MWCDFရုံးချုပ်၌လာရောက်တွေ့ဆုံ

အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များနေပြည်တော် MWCDFရုံးချုပ်၌လာရောက်တွေ့ဆုံ

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)သည် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆိုလာဖြင့်မီးရရှိရေးအတွက် အိန္ဒိယနိုင်ငံ Barefoot Collage နှင့်ချိတ်ဆက်ကာ ကျေးလက်ဒေသ မှအမျိုးသမီးကြီးများအား Solar Engineer သင်တန်းသို့တက်ရောက်စေကာ မိမိကျေးရွာမီးလင်းရေးအတွက် ကိုယ်တိုင်ဆောင်ရွက်စေရာ ဆက်သွယ်မှုခက်ခဲပြီးဖွံ့ဖြိုးမှုနောက်ကျသော၊ အထူးသဖြင့်နယ်မြေငြိမ်းချမ်းမှုရရှိ၍ စစ်ဘေးရှောင်စခန်းများမှ ပြန်လည်ရောက်ရှိအခြေပြုနေထိုင်သော ကျေးရွာများအပါအဝင် အိမ်ခြေ(၆၂၇)လုံး၊ ကျေးရွာ(၈)ရွာအား ရွာလုံးကျွတ်ဆိုလာမီးရရှိစေခဲ့ပါသည်။ အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များသည်(၂၀.၆.၂၀၁၆)ရက်နေ့ တွင်MWCDFအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားတွေ့ဆုံပြီး မြန်မာနိုင်ငံမှ Barefoot Collageတွင် Solar Engineer

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

  မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ နှင့်အဖွဲ့ဝင်များသည် (၉.၆.၂၀၁၆)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စုအတွင်းရှိ မအူလေးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာMWCDF  အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မျိုးဆမ်း ဦးဆောင်သော အဖွဲ့ဝင်များနှင့် အတူ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်း သူ(၂၄၁)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၄၀)ဒါဇင်၊ ကျောင်းဝတ်စုံ(၂၄၁)စုံ၊ ခဲတံ(၄၀) ဒါဇင်၊ ခဲဖျက်(၂၀)ဒါဇင်၊ ကလေး ထီး(၆၀)လက်၊ ကျေးရွာအတွင်းရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်သို့ စာစောင်အိတ်(၃)အိတ်၊ ကျေးရွာတွင်နေထိုင်လျှက်ရှိသော မသန်စွမ်းညီမ(၂)ဦးအား စားသောက်ကုန်(၅၅,၀၀၀)ကျပ်ဘိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။