မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

 

image006
မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ဗဟိုအလုပ်အမှုဆောင်များ နှင့်အဖွဲ့ဝင်များသည် (၉.၆.၂၀၁၆)နေ့၊ နံနက်(၀၉းဝ၀)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းအုပ်စုအတွင်းရှိ မအူလေးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာMWCDF  အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မျိုးဆမ်း ဦးဆောင်သော အဖွဲ့ဝင်များနှင့် အတူ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် တက်ရောက်ပညာသင်ကြားလျှက်ရှိသော ကျောင်းသား၊ ကျောင်း သူ(၂၄၁)ဦးအတွက် ကျောင်းသုံးဗလာစာအုပ်(၄၀)ဒါဇင်၊ ကျောင်းဝတ်စုံ(၂၄၁)စုံ၊ ခဲတံ(၄၀) ဒါဇင်၊ ခဲဖျက်(၂၀)ဒါဇင်၊ ကလေး ထီး(၆၀)လက်၊ ကျေးရွာအတွင်းရှိ ပညာ့မဏ္ဍိုင်စာကြည့်တိုက်သို့ စာစောင်အိတ်(၃)အိတ်၊ ကျေးရွာတွင်နေထိုင်လျှက်ရှိသော မသန်စွမ်းညီမ(၂)ဦးအား စားသောက်ကုန်(၅၅,၀၀၀)ကျပ်ဘိုးအား သွားရောက်လှူဒါန်းခဲ့ပါသည်။

image003

 

မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ မအူလေးပင်ကျေးရွာ စာသင်ကျောင်း၊ စာကြည့်တိုက်၊ မသန်စွမ်းအိမ်တို့အား သွားရောက်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: