အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များနေပြည်တော် MWCDFရုံးချုပ်၌လာရောက်တွေ့ဆုံ

Solar MWCDF3

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF)သည် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ဆိုလာဖြင့်မီးရရှိရေးအတွက်
အိန္ဒိယနိုင်ငံ Barefoot Collage နှင့်ချိတ်ဆက်ကာ ကျေးလက်ဒေသ မှအမျိုးသမီးကြီးများအား Solar Engineer သင်တန်းသို့တက်ရောက်စေကာ မိမိကျေးရွာမီးလင်းရေးအတွက် ကိုယ်တိုင်ဆောင်ရွက်စေရာ ဆက်သွယ်မှုခက်ခဲပြီးဖွံ့ဖြိုးမှုနောက်ကျသော၊ အထူးသဖြင့်နယ်မြေငြိမ်းချမ်းမှုရရှိ၍ စစ်ဘေးရှောင်စခန်းများမှ ပြန်လည်ရောက်ရှိအခြေပြုနေထိုင်သော ကျေးရွာများအပါအဝင် အိမ်ခြေ(၆၂၇)လုံး၊ ကျေးရွာ(၈)ရွာအား ရွာလုံးကျွတ်ဆိုလာမီးရရှိစေခဲ့ပါသည်။

အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များသည်(၂၀.၆.၂၀၁၆)ရက်နေ့ တွင်MWCDFအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားတွေ့ဆုံပြီး မြန်မာနိုင်ငံမှ Barefoot Collageတွင် Solar Engineer သင်တန်းဆင်းပြီးသူ(၂၂)ဦး၏ Solar Ma Ma စွမ်းဆောင်နိုင်မှုသုံး သပ်ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲနှင့် အရည်အချင်းမြှင့်မားရေး၊ စွမ်းဆောင်ရည်မြှင့် မားရေးလုပ်ငန်းဆန်းစစ် ခြင်းများကိုဆောင်ရွက်ပြီး ဒေသတွင်းကျေးလက်အမျိုးသမီးများ အရည်အသွေးမြှင့်မား ရေးအတွက် MWCDF အသင်းနှင့်ပူးပေါင်းလျက် မြန်မာနိုင်ငံတွင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် Solar Engineer သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာများ သို့သွားရောက်တွေ့ဆုံ ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

Solar MWCDF (2)

အိန္ဒိယနိုင်ငံBarefoot Collage မှဥက္ကဋ္ဌ Mr. Bunker Roy နှင့်အဖွဲ့ဝင်များနေပြည်တော် MWCDFရုံးချုပ်၌လာရောက်တွေ့ဆုံ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

%d bloggers like this: