Photo

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၁.၁၀.၂၀၂၂)နေ့တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပဲခူးတိုင်း MWCDF အဖွဲ့ဝင်များ တက်ရောက်၍ သက်ကြီးအဘိုးအဘွားများအား ကန်တော့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

ဥတ္တရသီရိ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၃၀.၉.၂၀၂၂)နေ့တွင် MWCDF အတွင်းရေးမှူးနှင့် CEC အဖွဲ့ဝင်များသည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ အ.ထ.က(၁၂)ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

(၂၃.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့သည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးကုသမှုခံယူနေသော ကျောက်ကပ်ဝေဒနာရှင်များ၊ ရောဂါကြီးခံစားနေရသော ဝေဒနာရှင်များ၊ ART သောက်နေရသောကလေးငယ်နှင့် ဆေးကုသပေးနေသော ဆရာမများအား အလှူငွေများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

ပေါင်မပြည့်မွေးဖွားလာသည့်ကလေးနှင့်မိခင်များအား ထောက်ပံ့ခြင်း

(၁၆.၉.၂၀၂၂)နေ့တွင် MWCDF အသင်းမှ CEC အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကုတင် (၁၀၀)ဆံ့ သားဖွားမီးယပ်အထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသော ပေါင်မပြည့်သည့် မွေးကင်းစ ကလေးငယ်များ၊ အထူးကြပ်မတ်ကုသဆောင်အတွင်းရှိ အခြားမွေးကင်းစကလေးလူနာ(၄)ဦးအတွက် ကလေးမိခင်များထံ အလှူငွေများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

အသိပညာပေးသင်တန်းတက်ရောက်ခြင်း

(၁၅.၉.၂၀၂၂ မှ ၁၇.၉.၂၀၂၂)နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပဲခူးမြို့၌ ကျင်းပပြုလုပ်သော လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် အသိပညာပေးသင်တန်းသို့ ပဲခူးတိုင်း MWCDF အသင်း အဖွဲ့ဝင်(၁၅)ဦး တက်ရောက်ခဲ့ပါသည်။

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီ သီလရှင်စာသင်တိုက်သို့ သွားရောက်လှူဒါန်းခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့၊ သီရိမဏ္ဍိုင်ကျောင်းတိုက်နှင့် သုခဝတီသီလရှင်စာသင်တိုက်သို့ အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။