Photo

ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်ခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်၍ ဆုများ ချီးမြှင့်ပေးခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၂)တက်ရောက်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး(၂/၂၀၂၂)တက်ရောက်ခြင်း

(၁၂.၉.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနို်ငငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအစည်းအဝေး (၂/၂၀၂၂)သို့ MWCDF အသင်း တွဲဘက်အတွင်းရေးမှူး(၁)မှ တက်ရောက်၍ အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

မြို့ပေါ်ရှိ(ဘ.က)ကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက်လှူဒါန်းခြင်း

(၄.၉.၂၀၂၂)နေ့တွင် မကွေးတိုင်း MWCDF အသင်းနှင့် အလှူရှင်များစုပေါင်း၍ မကွေးမြို့ပေါ်ရှိ (ဘ.က)ကျောင်းများနှင့် သီလရှင်ကျောင်းများ စုစုပေါင်း-(၂၁)ကျောင်းသို့ အခြေခံစားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်းခဲ့ပါသည်။

ကြက်ခြေနီသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

ကြက်ခြေနီသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်ခြင်း

(၂၉.၈.၂၀၂၂)နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်သော ကြက်ခြေနီသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် MWCDF အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များမှ တက်ရောက်၍ ဆုများချီးမြှင့်ပေးခြင်းနှင့် သင်တန်းသူများအား အသင်းဗလာစာအုပ်များ လှူဒါန်းခဲ့ပါသည်။

အစည်းအဝေးတက်ရောက်ခြင်း

အစည်းအဝေးတက်ရောက်ခြင်း

(၂၄.၈.၂၀၂၂)နေ့တွင် မြစ်ကြီးနားမြို့၊  ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်သော အဆိုးရွား ဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အစည်းအဝေးသို့ ကချင်ပြည်နယ် MWCDF အသင်းဥက္ကဌမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတက်ရောက်ဆွေးနွေးခြင်း

(၂၂.၈.၂၀၂၂)နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၂)သို့ MWCDF အသင်းမှ ခေတ္တဥက္ကဌ တက်ရောက်ဆွေးနွေးခဲ့ပါသည်။