Photo

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

(၂၅.၃.၂၀၂၃)နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂) ကျောင်းခန်းမ၌ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)မှ ကြီးမှူး၍ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်ခြင်း

ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်ခြင်း

(၂၂.၃.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သော “ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနား”  သို့ ရှမ်းပြည်နယ်(တောင်ပိုင်း) MWCDF အသင်းမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ တက်ရောက်ပါဝင်ခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

(၁၃.၃.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ခေတ္တဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် မန္တလေးမြို့သို့ သွားရောက်ခဲ့ကြပြီး မြို့ပေါ်ရှိ အမျိုးသမီးများနှင့် တွေ့ဆုံကာ မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ မန္တလေးတိုင်း MWCDF အသင်းအား ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးတိုင်း MWCDF အသင်းတွင် အဖွဲ့ဝင်(၁၀)ဦး ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့များအား အသီးသီးရွေးချယ်ပေးခဲ့ပြီး မ,တည်ငွေ၊ အသင်းဝတ်စုံများ၊

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း တက်ရောက်ခြင်း

စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း တက်ရောက်ခြင်း

(၁၃.၃.၂၀၂၃)နေ့တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ စစ်မှုထမ်းဟောင်း ကြီးကြပ်မှုအဖွဲ့ရုံး၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပပြုလုပ်ရာ MWCDF အသင်းမှ CEC တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အသင်းမှ သင်တန်းသား/သူ(၃)ဦး တက်ရောက်သင်ယူခဲ့ပါသည်။

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

အလင်းအိမ်မိဘမဲ့ကျောင်းသို့ သွားရောက်လှူဒါန်းခြင်း

(၁၁.၃.၂၀၂၃)နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) MWCDF အသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လားရှိုးမြို့၊ အလင်းအိမ်မိဘမဲ့ကျောင်းသို့ အလှူငွေ၊ စားသောက်ကုန်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်ခြင်း

(၈.၃.၂၀၂၃)နေ့တွင် ပြည်နယ်နှင့်တိုင်းများ၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်နှင့်တိုင်း MWCDF အသီးသီးမှ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါသည်။