မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း

(၁၃.၃.၂၀၂၃)နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ခေတ္တဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် CEC များသည် မန္တလေးမြို့သို့ သွားရောက်ခဲ့ကြပြီး မြို့ပေါ်ရှိ အမျိုးသမီးများနှင့် တွေ့ဆုံကာ မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အသင်းအကြောင်း ရှင်းလင်းပြောကြားကာ မန္တလေးတိုင်း MWCDF အသင်းအား ဖွဲ့စည်းခဲ့ပါသည်။ မန္တလေးတိုင်း MWCDF အသင်းတွင် အဖွဲ့ဝင်(၁၀)ဦး ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်း ရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့များအား အသီးသီးရွေးချယ်ပေးခဲ့ပြီး မ,တည်ငွေ၊ အသင်းဝတ်စုံများ၊ ပြက္ခဒိန်များ၊ အသင်းတီရှပ်၊ အသင်းဝင်ဖောင်၊ အသင်းဗီနိုင်းများ ပေးအပ်ခြင်း၊ အသင်းရင်ထိုးတံဆိပ်များ တပ်ဆင်ပေးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ တွေ့ဆုံပွဲအား ရပ်နားခဲ့ပါသည်။

မန္တလေးတိုင်း MWCDF အသင်း ဖွဲ့စည်းခြင်း
%d bloggers like this: