ပညာရေး

ဆရာ၊ ဆရာမများအား လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း

ဆရာ၊ ဆရာမများအား လိုအပ်သည်များ သွားရောက်လှူဒါန်းခြင်း

(၁၄.၁.၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF) အသင်းမှ ဒုဥက္ကဋ္ဌနှင့် CECများသည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာ အ.မ.က(၃)ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ အတွက် ရှပ်အကျႌ၊ ပါတိတ်လုံချည် နှင့် ကျောင်းသား/သူများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘီစကစ်မုန့်၊ ကြာဇံကြော်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆိုလာပစ္စည်းများပေးအပ်လှူဒါန်းခြင်း

(၁၁၊ ၁၊ ၂၀၂၀)ရက်နေ မကွေးမြို့မြို့နယ် ပညာရေးမှူး ရုံးတွင် MWCDFအသင်း၏ ကူညီပံ့ပိုးမှုဖြင့် ဟောင်ကောင် အခြေစိုက် Sowers Action အဖွဲ့ မှ အခြေခံပညာ ကျောင်းများအတွက် Projector လှူဒါန်းခြင်းအား မကွေးတိုင်း MWCDF အသင်း အလုပ်အမှုဆောင်များမှ ပူးပေါင်း ပါဝင်ခဲ့ပါသည်။

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

“၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ တက်ရောက်ခြင်း

(၁၁.၁၂.၂၀၁၉)နေ့တွင် ဥတ္တရသီရိမြို့နယ်၊ အ.ထ.က(၁၂)ကျောင်း၏ “၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ” အခမ်းအနားသို့ အသင်းမှ အတွင်းရေးမှူးနှင့် CEC တို့ တက်ရောက်ခဲ့ပြီး ပညာရေးတွင် ထူးချွန်ပြီး ဆုရရှိသော ကျောင်းသား/ သူများအား ဆုချီးမြှင့်ခဲ့၍ ကျောင်းသား/သူများမှ သီချင်းများ၊ အကများအား ကြည့်ရှု၍ အသင်းမှ ပါဝင်လှူဒါန်းဆောက်လုပ်ခဲ့သော ကျောင်းမုန့်စားစျေး တန်းအား လှည့်လည် ကြည့်ရှုခဲ့ပါသည်။

စက်ရေတွင်းဖွင့်လှစ်ခြင်းအခမ်းအနား

စက်ရေတွင်းဖွင့်လှစ်ခြင်းအခမ်းအနား

(၁၀.၁၀.၂၀၁၉) ရက်နေ့ မကွေးတိုင်း MWCDF အသင်းသို့. နေပြည်တော်၊ ဗဟို MWCDF အသင်းရုံးချုပ်မှ ဒေါက်တာဒေါ်နန္ဒာမွှန်းက အသင်းဖွဲ့စည်းပြီးကြောင်း ကြေငြာပြီး ထောက်ပံ့ငွေ- ၂၀၀၀၀၀ိ ပံ့ပိုးခဲ့ပါသည်။ ထိုမှဆက်လက်၍ မူလွန် မြင်းကင်းကျောင်းတွင် Sowers. Action. မှ လှူဒါန်းထားသော အကျယ် ၆လက္မ. အနက် ၃၀၀ ပေ စက်ရေတွင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည် ။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း

(၁၁.၁၀.၂၀၁၉)ရက်နေ့တွင်MWCDFအသင်းရုံးချုပ်မှတွဲဘက်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည်မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ၊ မြို့နယ်ပညာရေးမှူး ရုံးခန်းမ၌ မွန်ပြည်နယ်အဖွဲ့များနှင့်အတူ မိတ်ဘက်အဖွဲ့အစည်းဖြစ် သော Sowers Action groupနှင့်အတူ ချောင်းဆုံမြိုနယ် အတွင်းမှ ကျေးရွာများရှိ လျှပ်စစ်မီးရရှိရန်ခက်ခဲသော ကျောင်း(၇)ကျောင်းကို ဆိုလာဖြင့် မီးရရှိရေး အတွက် ဆိုလာပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားအား ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်မိတ်ဘက်အဖွဲ့အစည်းဖြစ်သော Sowers Action Group မှ ဆိုလာ ပစ္စည်း (၁၀) စုံ နှင့် ပန်ကာ (၁၀)ခု တို့နှင့် ကလေးကစားစရာ အရုပ်များအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီးများမှ

ဆိုလာဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း

ဆိုလာဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း

(၁၀.၁၀.၂၀၁၉)ရက်နေ့တွင်မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)နှင့် Sowers Action တို့ပူးပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ရှိ လျှပ်စစ်မီးမရှိနိုင်သေးသော စာသင်ကျောင်းများအတွက် ဆိုလာမီးများလှူဒါန်းပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က(၄)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲကို ကရင်ပြည်နယ် အစိုးရ လူမှုရေးဝန်ကြီး၊ ကရင်ပြည်နယ် ပညာရေးမှူး၊ ဗဟိုMWCDFအသင်းမှ တွဲဘက်အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်(MWCDF) ဉက္ကဌ နှင့် အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် (MWCDF) ဉက္ကဌ နှင့် အလုပ်အမှု ဆောင်များ၊ ဖိတ်ကြားထားသော ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက်